NLD အစိုးရ၊ လွတ်တော်အမတ်တွေနဲ့ လူ့အခွင့်အရေး NGO တွေ ချိတ်ဆက်မှု အားကောင်းစေဖို့ အလုပ်ရုံဆွေးနွေးပွဲ လုပ်မယ်

0
324

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေအပေါ် NLD အစိုးရ၊ လွတ်တော်အမတ်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ  ချိတ်ဆက်ညှိုနိုင်းမှုအားကောင်းစေဖို့ အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ် ကျင်းပဖို့ ရှိနေပါတယ်။

အဲ့ဒီ အလုပ်ရုံးဆွေးနွေးပွဲကို Local Resource Center (ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့)၊ Equality Myanmar (ညီမျှခြင်းမြန်မာ)၊ DCA-NCA တို့က ပူးပေါင်းပြီး လာမယ့် မေလ ၁၃ ရက်နေ့မှာ ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပဖို့ရှိနေတာပါ။

အဲ့ဒီ အခမ်းအနားမှာတော့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ၊ လူ့အခွင့်ရေးလှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လွတ်တော်အမတ်တွေက လက်ရှိမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို စကားဝိုင်းဆွေးနွေးပွဲ (Panel Discussion) အနေနဲ့ ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)