ရေနံ လက်ယက်တွင်း ရန်ပုံငွေ ကျပ်သန်း ၃ ထောင် ဇူလိုင်လ နောက်ဆုံးထားပြီး ပြန်ရနိုင်မယ်လို့ ဆို

0
273

မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ လက်ထက်မှာ ကွာဟခဲ့တဲ့ ရေနံ လက်ယက်တွင်းသမားတွေ ပေးတဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သန်း ၃ ထောင်ကို ဇူလိုင်လ နောက်ဆုံးထားပြီး ပြန်ရနိုင်မယ်လို့ လက်ရှိ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။

မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို

ကွာဟနေတဲ့ ငွေပေါင်းက သန်း ၇ ထောင်ရှိပြီး သမ္မတရုံးက ကြေညာချက် ထုတ်ပြီးတဲ့နောက် အဲဒီအထဲက ကျပ်သန်း ၃ ထောင်ကို ပြန်ရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက VOA သတင်းဌာနကို ပြောထားပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ယူထားတဲ့ ကားတွေနဲ့ ရေယာဉ်ကိုတော့ ဧပြီလ ၂၉ ရက်နေ့က ပြန်အပ်လိုက်ပါတယ်။ မီနီဘတ်စ် ၃ စီး၊ ဘက်ဟိုးကား ၁ စီးနဲ့ ပဲ့ထောင်ရေယာဉ် ၁ စီးတို့ ဖြစ်ပါတယ်။

ဒီကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာန၊ စသုံးလုံးက စုံစမ်းစစ်ဆေးပြီး ပြည်ထောင်စု အစိုးရကို အစီရင်ခံခဲ့ပါတယ်။ ကြံ့ခိုင်ရေးပါတီကတော့ ဒီငွေကိစ္စဟာ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနဲ့ပဲ သက်ဆိုင်တယ်လို့ ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)