ပန်းရောင် ဘတ်ကတ်ကိုင် ရွှေ့ပြောင်း မြန်မာ လုပ်သားတွေ CI လက်မှတ်အတွက် ပွဲစားခ ပေးနေရ

0
245

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတွေ နိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် CI (Certificate Identify) ထုတ်ယူရာမှာ ပွဲစားခတွေ ပေးနေကြတယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်က MWRN က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံအတွင်းက မြန်မာ နိုင်ငံသား အလုပ်သမားတွေ အများစုနေထိုင်ကြတဲ့ ခရိုင်ခြောက်ခုမှာ ဖွင့်လှစ်ထားတဲ့ စီအိုင်စင်တာတွေမှာ အဲ့ဒီလို ပေးနေကြရတာပါ။

အလုပ်သမားတွေအနေနဲ့ CI လုပ်ရာမှာ အနည်းဆုံး အလှည့်ကျ တိုကင်နံပါတ်ကို စီအိုင်ထုတ်ပေးတဲ့ စင်တာပိုင်ရှင်တွေက ထိန်းချုပ်ထားပြီး တိုကင်နံပါတ်ကို ဘတ် ၄၅၀ နဲ့ ပွဲစားတွေကို ဖြန့်ထားကြောင်း ပြောဆိုထားပါတယ်။

အဲ့ဒီတိုကင်နံပတ်ကို ပွဲစားတွေက ဘတ် ၆၀၀ ကနေ ဘတ် ၁၀၀၀ ကျော်နဲ့ ရောင်းချနေကြတာပါ။ ဒီလိုမှ မဟုတ်ပဲ အပြီးအစီး လုပ်ကိုင်ပေးဖို့ အပ်ရင်တော့ ဘတ် ၄၀၀၀ ကနေ ဘတ် ၈၀၀၀ လောက်အထိ ပေးနေကြရတယ်လို့လည်း MWRN က ဆိုပါတယ်။

ဒါကြောင့် 7-11 စတိုးဆိုင်တွေကနေ CI ဖိုးငွေပေးသွင်းတဲ့အခါ ရက်ချိန်းကို သတ်မှတ်ပေးတဲ့ စနစ်ဖြစ်အောင် ပြောင်းလဲပေးဖို့ကိုလည်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်က MWRN တောင်းဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)