ပန်းရောင်ဘတ်ကတ် ကိုင်ဆောင် ထားကြတဲ့ မြန်မာနိုင်ငံသားတွေ CI လုပ်ကြဖို့ အစိုးရနှိုးဆော်

0
272

ထိုင်းနိုင်ငံမှာ သက်တမ်းကုန်ဆုံးတော့မယ့် ပန်းရောင်ဘတ်ကတ် ကိုင်ဆောင် ထားကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် CI (Certificate Identify) ထုတ်ယူကြဖို့ မြန်မာအစိုးရက နှိုးဆော်လိုက်ပါတယ်။

မေလ (၂) ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြလာတဲ့ သတင်းဆောင်းပါးမှာ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က အဲ့ဒီလို နှိုးဆော်ပြောကြားလိုက်တာပါ။

ထိုင်းနိုင်ငံအတွင်းက မြန်မာ နိုင်ငံသား အလုပ်သမားတွေ အများစုနေထိုင်ကြတဲ့ ခရိုင်ခြောက်ခုမှာ  မေ ၃ ရက်က စတင်ပြီး CI စာအုပ်ထုတ်ပေးတဲ့ စင်တာတွေ  ဖွင့်လှစ်ဆောင်ရွက်ပေး နေတာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာဆိုရင်တော့ နိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် CI (Certificate Identify) ပြုလုပ်သူ ရွှေ့ပြောင်းမြန်မာလုပ်သား ၆ သောင်းလောက်ရှိနေပြီလို့ အစိုးရက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)