ထိုင်းအစိုးရ လှေလုပ်သားဆိုင်ရာဥပဒေပြဌာန်းချက်တွေ ကျင့်သုံးဖို့ မြန်မာအလုပ်သမားတွေ တောင်းဆို

0
289

ထိုင်းအစိုးရအနေနဲ့ လှေလုပ်သားဆိုင်ရာဥပဒေပြဌာန်းချက်တွေ ကျင့်သုံးဖို့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေက တောင်းဆိုလိုက်ပါတယ်။

မေလ ၁ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေလ်း) နေ့မှာ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေက တောင်းဆိုလိုက်တာပါ။

ထိုင်းအလုပ်သမားသမဂ္ဂ SERC ၊ သွေးစည်းညီညွတ်ရေးသမဂ္ဂ TLSC အပါဝင် ထိုင်းအလုပ်သမား သမဂ္ဂအသီးသီးနဲ့အတူ ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN တို့က ရွှေ့ပြောင်းအလုပ်သမားတွေက တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒါအပြင် ထိုင်းအစိုးရအနေနဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဖိနှိပ်မှုတွေကို ရပ်တန့်စေရေး၊ အလုပ်သမားဆိုင်ရာ အခွင့်အရေးအပြည့်အဝ ရရှိရေး၊ တနိုင်ငံလုံးအတိုင်းတာ လုပ်အားခ တန်းတူညီမျှ ရရှိရေး၊ ILO ပဋိညာဉ်စာချုပ် 87/98 လက်ခံပေးရေး၊ ကလေးမီးဖွားခွင့်နဲ့ လူမှုဖူလုံရေး ပကန်ဆာခူမ် ခံစားခွင့်တွေ အပြည့်အဝ ရရှိရေးတွေကို ဆောင်ရွက်ပေးဖို့ကိုလည်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေက တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)