နမ့်စန်မြို့မှာ တရားမဝင် သစ် တန် ၄၀၀ ကျော် ဖမ်းမိ

0
329

ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်မြို့ အရှေ့တောင်ဘက် ၆ မိုင်မှာ တရားမဝင် ကျွန်းနဲ့ ပိတောက် ၄၀၂ တန်ခန့်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။

နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းဟာ ဧပြီလ ၂၉ ရက်နေ့ ညနေက ရပ်တန့်ထားတဲ့ ၁၂ ဘီးယာဉ် ၁၀ စီး၊ ၁၀ ဘီးယာဉ် ၃ စီးတို့ ပေါ်ကနေ ကျွန်းနဲ့ ပိတောက် ၁၉၅ တန်ခန့်၊ စုပုံထားတဲ့ ပိတောက် ဓားရွေတုံး ၁၄၅ တန်ခန့်နဲ့ ကျွန်းသား ၆၂ တန်ခန့်၊ တခြား ယာဉ်အလွတ်တွေနဲ့ ကရိန်းယာဉ်တစ်စီးတို့ကို တွေ့ရှိ ဖမ်းဆီးခဲ့ပါတယ်။

သစ်ပိုင်ရှင်တွေတော့ မမိဘဲ အောင်အောင်ဆိုသူ လူတစ်ဦးသာ ဖမ်းဖိခဲ့ပြီး ယာဉ်နဲ့ သစ်တွေကို နမ့်စန်မြို့ သစ်တော ဦးစီးဌာနနဲ့ နမ့်စိန် မြို့မရဲစခန်းကို လွှဲပြောင်း ပေးခဲ့ကြောင်း မြဝတီသတင်းမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)