ဒေါ်အောင်ဆန်းစုကြည် ဘရပ်ဆဲလ်မြို့ကို ရောက်ရှိ

0
337

ဥရောပ သမဂ္ဂ ဌာနချုပ်၊ ဘယ်လ်ဂျီယံ၊ အီတလီနဲ့ ဗြိတိန်နိုင်ငံတို့ကို တရားဝင်ခရီး သွားရောက်မယ့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၁ ရက်နေ့မှာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ရန်ကုန်မြို့ကနေ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်၊ အဲဒီကနေ ပြင်သစ်နိုင်ငံ ချားလ်စ် ဒီဂေါ လေဆိပ်၊ အဲဒီကဆင့် ဘရပ်ဆဲလ်ကို ဆက်လက် ထွက်ခွာတာ ဖြစ်ပါတယ်။

လေဆိပ်တွေမှာ သက်ဆိုင်ရာနိုင်ငံရောက် မြန်မာသံအမတ်ကြီးတွေက ကြိုဆိုနုတ်ဆက်ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)