ဇွဲကပင် ကေဘယ်ကား စီမံကိန်း အုတ်မြစ်ချ

0
806

 

ကရင်ပြည်နယ်၊ ဇွဲကပင်တောင်ပေါ်မှာ တည်ထားတဲ့ ဆံတော်ရှင် စေတီတော်ကြီးကို အလွယ်တကူ တက်ရောက် ဖူးမျှော်နိုင်ဖို့အတွက် ဇွဲကပင် ကေဘယ်ကား စီမံကိန်း အုတ်မြစ်အခမ်းအနားကို ဧပြီလ ၂၉ ရက်နေ့က ကျင်းပပါတယ်။

ဇွဲကပင်တောင်ခြေ လုမ္မနီ ဥယျာဉ်မှာ ကျင်းပတဲ့ အဲဒီ အခမ်းအနားကို ပီနန်ဆရာတော်ကြီး အရှင်ပညာဝံသ၊ ဇွဲကပင် ဆရာတော်ကြီး အရှင်ကဝိဓဇ၊ သာသန ဇေယျ မင်္ဂလ သုံးထပ်ကျောင်းဆရာတော် အရှင်ပညိန္ဒ၊ တောင်ကလေးဆရာတော် ဒေါက်တာ အရှင်ပညာသာမိတို့က ဦးဆောင်ခဲ့ပါတယ်။

ချစ်လင်းမြိုင် တိုယိုတာ ကုမ္ပဏီလီမိတက်က ရင်းနှီးမြှုပ်နှံပြီး မြန်မာ့ဇာတိမြေ အများနှင့် သက်ဆိုင်သော ကုမ္ပဏီက တာဝန်ယူတည်ဆောက်မယ့် ကေဘယ်ကား စီမံကိန်းမှာ လူ ၅၀ စီးနင်းလိုက်ပါနိုင်မယ့် ကေဘယ်ကား ၂ စီးပါဝင်မှာ ဖြစ်ပါတယ်။

ဆွစ်ဇာလန်နဲ့ သြစတြီးယား နိုင်ငံက ပညာရှင်တွေ ပူးပေါင်း ကူညီမှာ ဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ အပြီး တည်တောက်မယ်လို့ ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)