မြန်မာနိုင်ငံရဲ့ ခန့်မှန်း လူဦးရေစာရင်း ထုတ်ပြန်၊ ၅၄ သန်းကျော် ရှိ

0
157

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းက ကောက်ယူရရှိတဲ့ လူဦးရေကို အခြေခံပြီး ခန့်မှန်းတွက်မှုတွေအရ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့မှာရှိတဲ့ မြန်မာနိုင်ငံရဲ့ ခန့်မှန်းလူဦးရေဟာ ၅၄ ဒသမ ၅၈ သန်းဖြစ်တယ်လို့ ပြည်သူ့အင်အား ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်မှာ ၁ ဒသမ ၉၂ သန်း၊ ကယားပြည်နယ်မှာ ၀ ဒသမ ၃၃ သန်း၊ ကရင်ပြည်နယ်မှာ ၁ ဒသမ ၆၁ သန်း၊ ချင်းပြည်နယ်မှာ ၀ ဒသမ ၅၂ သန်း၊ စစ်ကိုင်းတိုင်း ဒေသကြီးမှာ ၅ ဒသမ ၅၉ သန်း၊ တနင်္သာရီတိုင်း ဒေသကြီးမှာ ၁ ဒသမ ၄၉ သန်း၊ ပဲခူးတိုင်း ဒေသကြီးမှာ ၄ ဒသမ ၉၄ သန်း၊ မကွေးတိုင်း ဒေသကြီးမှာ ၃ ဒသမ ၉၃ သန်း၊ မန္တလေးတိုင်း ဒေသကြီးမှာ ၆ ဒသမ ၅၄ သန်း၊ မွန်ပြည်နယ်မှာ ၁ ဒသမ ၉၉ သန်း၊ ရခိုင်ပြည်နယ်မှာ ၃ ဒသမ ၃၄ သန်း၊ ရန်ကုန်တိုင်း ဒေသကြီးမှာ ၈ ဒသမ ၃၉ သန်း၊ ရှမ်းပြည်နယ်မှာ ၆ ဒသမ ၄၃ သန်း၊ ဧရာဝတီတိုင်း ဒေသကြီးမှာ ၆ ဒသမ ၂၇ သန်း၊ နေပြည်တော်ကောင်စီမှာ ၁ ဒသမ ၂၉ သန်းတို့ဖြစ်ပြီး စုစုပေါင်း ၅၄ ဒသမ ၅၈ သန်း ဖြစ်ပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနဟာ နိုင်ငံတော် အစိုးရနဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးက နိုင်ငံတော် မူဝါဒတွေ၊ စီမံကိန်းတွေ ရေးဆွဲချမှတ်ရာမှာ အခြေခံ အသုံးပြုနိုင်ရေးအတွက် မြန်မာနိုင်ငံရဲ့ နှစ်အလိုက် ခန့်မှန်းလူဦးရေစာရင်းကို နှစ်စဉ် ထုတ်ပြန်ပေးနေတာပါ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)