ကြားဖြတ် ရွေးကောက်ပွဲ ၁၉ နေရာမှာ NLD ၉ နေရာ အနိုင်ရ

0
330

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ် ၁၉ နေရာအနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၉ နေရာသာ အနိုင်ရပါတယ်။

ရလဒ် ထုတ်ပြန်ဖို့ အတွက် နာရီ ၂၀ ကျော်ကြာ ကြန့်ကြာခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ် ထုတ်ပြန်မှုမှာ NLD က ၉ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က ၆ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ၂ နေရာ၊ လူမျိုးပေါင်းစုံ ဒီမိုကရက်တစ်ပါတီနဲ့ ရခိုင်အမျိုးသားပါတီက ၁ နေရာဆီ ရရှိပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲမှာ မဲပေးနိုင်ခွင့်ရှိသူတွေက မဲပေးမှုတွေ နည်းတယ်၊ မဲပေးဖို့အတွက် စိတ်ဝင်စားမူ နည်းတယ်လို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)