ကြားဖြတ်ရွေးကောက်ပွဲ ပထမတစ်ပိုင်း ကြေညာချက် NLD ၅ နေရာ အနိုင်ရ

0
395

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တွေကို ဒီနေ့ ဧပြီလ ၂ ရက်နေ့မှာ စတင်ကြေညာပါတယ်။ ပထမပိုင်း ကြေညာချက်အရ အမတ်နေရာ ၇ နေရာအနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၅ နေရာ အနိုင်ရထားပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်အရ ကယားပြည်နယ်မှာ ဦးသဲရယ် (လူမျိုးပေါင်းစုံ ဒီမိုကရက်တစ်ပါတီ)၊ မွန်ပြည်နယ် ချောင်းဆုံမှာ ဦးအောင်ကြည်သိမ်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)တို့ အနိုင်ရပါတယ်။

NLD အနေနဲ့ လှိုင်သာယာမှာ ဦးဝင်းမင်း၊ ညောင်ရွှေမှာ ဦးခင်မောင်ဝင်း၊ မုံရွာမှာ ဦးညွန့်မောင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မှာ ဦးမြစိန်၊ ကော့မှူးမှာ ဦးကျော်ဆွေဝင်း (ခ) အာလူး တို့ ဖြစ်ကြပါတယ်။

ရွေးကောက်ပွဲ ရလဒ်တွေကို မနေ့က အချိန်နဲ့ တပြေးညီ ကြေညာပေးမယ် ဆိုပေမယ့် မကြေညာနိုင်ဘဲ ဒီနေ့ ဧပြီ ၂ ရက်နေ့မှသာ ကြေညာနိုင်တာ ဖြစ်ပါတယ်။ ကျန်ရှတဲ့ ရလဒ်တွေကို မွန်းလွဲမှာ ဆက်ကြေညာမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)