ဥပဒေမဲ့ မတရားဖိနှိပ်မှုတွေရှိလာခဲ့ရင်စိစစ်ရေးကော်မတီက ထိထိရောက်ရောက် ကိုင်တွယ်လိမ့်မယ်

0
386

ရန်ကုန်တိုင်းဒေသကြီး ဆိုင်ရာ တရားစီရင်ရေး၊ဥပဒေစိုးမိုးရေးနဲ့တိုင်ကြားစာများ အသနားခံစာများစိစစ်ရေးကော်မတီကို ပြီးခဲ့တဲ့ ဧပြီလ(၁)ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ပထမပုံမှန်အစည်းအဝေး (ဒသမ)နေ့မှာ လွှတ်တော်က သဘောတူအတည်ပြုချက်နဲ့စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။
အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြည်သူတွေအနေနဲ့ မတရားတဲ့ ဥပဒေများနဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ လယ်သိမ်း၊ ယာသိမ်းမြေသိမ်းမှုတွေကို အချက်အလက်တိတိကျကျနဲ့ တိုင်ကြားလာရင် အမြန်ဆုံးစစ်ဆေးကိုင်တွယ်ဖြေရှင်းသွားမယ်လို့ပြောပါတယ်။
မြန်မာပြည်မှာနှစ်ပေါင်း ၆၀ ကြာ တရားဥပဒေမဲ့ လုပ်ရပ်တွေကြောင့် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ပြည်သူလူထုတွေအနေနဲ့ နစ်နာဆုံးရှုံးမှုတွေ ရှိနေခဲ့တာပါ၊ ရန်ကုန်တိုင်းဒေသကြီးမှာတော့ ဒီကော်မတီကို စတင်ဖွဲ့လိုက်တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီင်္းအတွင်း ပြည်သူတွေရဲ့ နစ်နာမှုတွေကို စတင်ကိုင်တွယ်ဖြေရှင်းတော့မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)