
0
920




>>>>>>>>>>>>>>>>>>>>>>>>>>>

လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်း အရာရှိ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်တွေနဲ့ တွေ့မယ်

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းမှူး အင်ဒရူး ဂီးလ်မောဟာ မတ်လ ၂ ရက်ကနေ ၄ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကောက်ဘဇားကို လာရောက်ပြီး မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဂီလ်မောဟာ ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတွေ၊ အရပ်ဖက် အဖွဲ့အသည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့တွေနဲ့ အကူအညီပေးရေး အဖွဲ့တွေကိုလည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ မတ်လ ၅ ရက်နေ့မှာ ဂီလ်မောဟာ ဒါကာမြို့ကို သွားရောက်ပြီး ဘင်္ဂလားဒေ့ရှ် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

ခရီးစဉ်အပြီးမှာ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းမှူး ဂီးလ်မောက မီဒီယာတွေကို သတင်းထုတ်ပြန်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)