
0
868




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာပြည်က လာတဲ့ မူးယစ်ဆေးဝါးလမ်းကြောင်းကို ထိန်းချုပ်ဖို့ ဘင်္ဂလားဒေ့ရှ် ကြိုးစားနေ

မြန်မာနိုင်ငံကနေ မူးယစ်ဆေးဝါး ဝင်လာရာ လမ်းကြောင်းကို ထိန်းချုပ်နိုင်ဖို့ တက္ကနပ်ဖ်မှာ အဖွဲ့ဝင် ၇ ဦးပါ အဖွဲ့တစ်ဖွဲ့နဲ့ လုပ်ဆောင်နေတယ်လို့ မူးယစ်ဆေး ထိန်းချုပ်ရေး ဌာန (DNC) က အထွေထွေ ညွှန်ကြားရေးမှူး ဂျမယ်လ် အူဒင် အာမက်က ပြောပါတယ်။

တက္ကနပ်ဖ်မှာ ကျွန်တော်တို့ လူအင်အား နည်းနေပါတယ်၊ ဒါပေမယ့် အဖွဲ့တစ်ခုသတ်မှတ် လုပ်ဆောင်ဖို့ ကြိုးစာနေပါတယ်လို့ သတင်းမီဒီယာတွေကို သူက ပြောပါတယ်။ မူးယစ်ဆေး ထိန်းချုပ်ရေး လှုပ်ရှားမှုကို တစ်လကြာ လုပ်ဆောင်မယ်လို့လည်း သူက ပြောပါတယ်။

ရဲနဲ့ လုံခြုံရေးတွေပါဝင်တဲ့ အဖွဲ့ဟာ တက္ကနပ်ဖ် ဧရိယာမှာ စီးနင်းရှာဖွေမှုတွေ လုပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)