၁၀ ႏွစ္အရြယ္ မိန္းကေလးကို အဓမၼျပဳက်င့္ၿပီး သတ္ျဖတ္သူ ၂ ဦးကို ဖမ္းဆီး

0
893

ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္မွာ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔က ၁၀ ႏွစ္အရြယ္ မိန္းကေလးငယ္ကို အဓမၼျပဳက်င့္ သတ္ျဖတ္ခဲ့သူ ႏွစ္ဦးကို ဖမ္းဆီးရမိခဲ့ပါတယ္။

ဖခင္ျဖစ္သူက ဟင္းရြက္စိုက္ခင္းကေန ေတာစပ္ရွိ ေတာင္ယာတဲကို ျပန္လာစဥ္ ၁၀ ႏွစ္အရြယ္ သမီးျဖစ္သူကို မေတြ႔တဲ့အတြက္ ထင္းေတာအတြင္း ရွာေဖြခဲ့ရာမွာ တဲရဲ႕ အေနာက္ေျမာက္ဘက္မွာ သမီးျဖစ္သူ ဓားဒဏ္ရာနဲ႔ ေသဆံုးေနၿပီး ဝတ္ဆင္ထားတဲ့ ေဘာင္းဘီလည္း ကြ်တ္ေနတာ ေတြ႔တဲ့အတြက္ မိုးေကာင္း ရဲစခန္းကို တိုင္တန္းခဲ့တာ ျဖစ္ပါတယ္။

ရဲတပ္ဖြဲ႔က စံုစမ္းစစ္ေဆးရာမွာ (၄) မိုင္ေက်းရြာေန ေမာင္ေဌး (ခ) ခင္ေမာင္ေဌး (၃၇ ႏွစ္) နဲ႔ ေအာင္မဂၤလာ ေက်းရြာေန ေမာင္ရီ (၅၈ ႏွစ္) တို႔ကို မသကၤာတဲ့အတြက္ စစ္ေဆးေမးျမန္းခဲ့ပါတယ္။

သူတို႔ ၂ ဦးဟာ ထင္းသြားသယ္စဥ္ ဇီးပင္ေအာက္မ်ာ မိန္းကေလးငယ္ကို ေတြ႔တဲ့အတြက္ ထင္းေတာထဲ ေခၚသြားၿပီး အဓမၼျပဳက်င့္ရာမွာ ေအာ္တဲ့အတြက္ ဓားေႏွာင့္နဲ႔ ဦးေခါင္းကို ထုခဲ့ေၾကာင္း၊ ေမာင္ရီက အဓမၼ ၂ ႀကိမ္ ျပဳက်င္းၿပီး ခင္ေမာင္ေဌးကလည္း ဓမၼတာနဲ႔ ဆန္႔က်င္ကာ အဓမၼျပဳက်င့္ခဲ့ေၾကာင္း၊ လည္ပင္းကို ဓားနဲ႔ခုတ္ရာမွာ မေသတဲ့အတြက္ ေနာက္ေက်ာနဲ႔ ခါးကို ဓားနဲ႔ ထိုးခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၁၀ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်သူ ၂ ဦးကို ဖမ်းဆီး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ၁၀ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဖခင်ဖြစ်သူက ဟင်းရွက်စိုက်ခင်းကနေ တောစပ်ရှိ တောင်ယာတဲကို ပြန်လာစဉ် ၁၀ နှစ်အရွယ် သမီးဖြစ်သူကို မတွေ့တဲ့အတွက် ထင်းတောအတွင်း ရှာဖွေခဲ့ရာမှာ တဲရဲ့ အနောက်မြောက်ဘက်မှာ သမီးဖြစ်သူ ဓားဒဏ်ရာနဲ့ သေဆုံးနေပြီး ဝတ်ဆင်ထားတဲ့ ဘောင်းဘီလည်း ကျွတ်နေတာ တွေ့တဲ့အတွက် မိုးကောင်း ရဲစခန်းကို တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာမှာ (၄) မိုင်ကျေးရွာနေ မောင်ဌေး (ခ) ခင်မောင်ဌေး (၃၇ နှစ်) နဲ့ အောင်မင်္ဂလာ ကျေးရွာနေ မောင်ရီ (၅၈ နှစ်) တို့ကို မသင်္ကာတဲ့အတွက် စစ်ဆေးမေးမြန်းခဲ့ပါတယ်။

သူတို့ ၂ ဦးဟာ ထင်းသွားသယ်စဉ် ဇီးပင်အောက်မျာ မိန်းကလေးငယ်ကို တွေ့တဲ့အတွက် ထင်းတောထဲ ခေါ်သွားပြီး အဓမ္မပြုကျင့်ရာမှာ အော်တဲ့အတွက် ဓားနှောင့်နဲ့ ဦးခေါင်းကို ထုခဲ့ကြောင်း၊ မောင်ရီက အဓမ္မ ၂ ကြိမ် ပြုကျင်းပြီး ခင်မောင်ဌေးကလည်း ဓမ္မတာနဲ့ ဆန့်ကျင်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ လည်ပင်းကို ဓားနဲ့ခုတ်ရာမှာ မသေတဲ့အတွက် နောက်ကျောနဲ့ ခါးကို ဓားနဲ့ ထိုးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)