အျမန္လမ္း ယာဥ္တိုက္မႈ ၁၃ ဦး ဒဏ္ရာရ

0
896

ပဲခူးတိုင္း၊ အုတ္တြင္းၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္းမွာ မီနီဘတ္စ္နဲ႔ လိုက္ထရပ္ယာဥ္တို႔ တိုက္မိၿပီး ၁၃ ဦး ဒဏ္ရာ ရခဲ့ပါတယ္။

မတ္လ ၁ ရက္ေန႔ မနက္ ၁ နာရီေက်ာ္မွာ ရန္ကုန္ကေန ေနျပည္ေတာ္ဘက္ကို ကိုၿဖိဳးကိုကိုထြန္း (၃၅ ႏွစ္) ေမာင္းလာတဲ့ မီနီဘတ္စ္ အရွိန္ေလွ်ာ့လိုက္စဥ္မွာ ဦးၾကည္ဝင္း (၆၄ ႏွစ္) ေမာင္းလာတဲ့ လိုက္ထရပ္ ဘုရားဖူးယာဥ္တို႔ တိုက္မိတာ ျဖစ္ပါတယ္။

ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ မေနာသုခ ေက်ာင္းတိုက္ေန ဦးဝါရိမိႏၵ အပါအဝင္ ၁၃ ဦး ဒဏ္ရာေတြ ရခဲ့တာေၾကာင့္ ကိုၿဖိဳးကိုကိုထြန္းနဲ႔ ဦးၾကည္ဝင္းတို႔ကို ေဗာဓိကုန္ အျမန္လမ္းမႀကီး ရဲစခန္းက အေရးယူထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမြန်လမ်း ယာဉ်တိုက်မှု ၁၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ မီနီဘတ်စ်နဲ့ လိုက်ထရပ်ယာဉ်တို့ တိုက်မိပြီး ၁၃ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

မတ်လ ၁ ရက်နေ့ မနက် ၁ နာရီကျော်မှာ ရန်ကုန်ကနေ နေပြည်တော်ဘက်ကို ကိုဖြိုးကိုကိုထွန်း (၃၅ နှစ်) မောင်းလာတဲ့ မီနီဘတ်စ် အရှိန်လျှော့လိုက်စဉ်မှာ ဦးကြည်ဝင်း (၆၄ နှစ်) မောင်းလာတဲ့ လိုက်ထရပ် ဘုရားဖူးယာဉ်တို့ တိုက်မိတာ ဖြစ်ပါတယ်။

မြောက်ဥက္ကလာပမြို့နယ်၊ မနောသုခ ကျောင်းတိုက်နေ ဦးဝါရိမိန္ဒ အပါအဝင် ၁၃ ဦး ဒဏ်ရာတွေ ရခဲ့တာကြောင့် ကိုဖြိုးကိုကိုထွန်းနဲ့ ဦးကြည်ဝင်းတို့ကို ဗောဓိကုန် အမြန်လမ်းမကြီး ရဲစခန်းက အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)