
0
878



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မိတ္ထီလာမှာ လက်ပစ်ဗုံးဟောင်း တစ်လုံးတွေ့ရှိ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ မြေကျင်းတူးရာက သံချေးတက်နေတဲ့ ဘီအေ ၃၆ လက်ပစ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က မြို့သစ် (၂) ရက်ကွက်နေ အောင်ရဲဇော်ရဲ့ အိမ်ဝိုင်းအတွင်း အိမ်ဆောက်ဖို့ မြေကျင်းတူးရာကနေ လက်ပစ်ဗုံးဟောင်းကို တွေ့ရှိတာ ဖြစ်ပါတယ်။ မိတ္ထီလာမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးပြီး နယ်မြေခံတပ်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)