ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ တရားခံေျပးတစ္ဦး ဖမ္းမိ

0
876

ရခိုင္ျပည္နယ္၊ ငါးခူရနယ္ေျမ ရဲစခန္းက အလိုရွိေနတဲ့ တရားခံေျပးတစ္ဦးကို ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔က ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ ဖမ္းဆီးရမိခဲ့ပါတယ္။

ျပည္သူပိုင္ပစၥည္း ကာကြယ္ေရး အက္ဥပေဒ၊ လက္နက္မ်ား အက္ဥပေဒ၊ မတရားအသင္း အက္ဥပေဒတို႔နဲ႔ အလိုရွိေနတဲ့ မဂၤလာေတာင္ၫြန္႔ၿမိဳ႕နယ္၊ စံျပဖဆပလ ရပ္ကြက္ေန တရားခံေျပး ေအာင္ေဇာ္ဝင္း (ခ) ေဇာ္ကိရ္အာမက္ (၅၅) ႏွစ္ကို သတင္းရဲတပ္ဖြဲ႔က ရဲမွဴး ေနေအာင္လင္း ဦးစီးတဲ့ အဖြဲ႔က ဖမ္းဆီးလိုက္တာ ျဖစ္ပါတယ္။

ေအာင္ေဇာ္ဝင္း (ခ) ေဇာ္ကိရ္အာမက္ဟာ ထိုင္းေလေၾကာင္းခရီးစဥ္ TG-304 နဲ႔ ရန္ကုန္ကေန ဘန္ေကာက္ကို ထြက္ခြာဖို႔ ျပင္ေနစဥ္ အဖမ္းခံရတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တရားခံပြေးတစ်ဦး ဖမ်းမိ

ရခိုင်ပြည်နယ်၊ ငါးခူရနယ်မြေ ရဲစခန်းက အလိုရှိနေတဲ့ တရားခံပြေးတစ်ဦးကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ၊ လက်နက်များ အက်ဥပဒေ၊ မတရားအသင်း အက်ဥပဒေတို့နဲ့ အလိုရှိနေတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စံပြဖဆပလ ရပ်ကွက်နေ တရားခံပြေး အောင်ဇော်ဝင်း (ခ) ဇော်ကိရ်အာမက် (၅၅) နှစ်ကို သတင်းရဲတပ်ဖွဲ့က ရဲမှူး နေအောင်လင်း ဦးစီးတဲ့ အဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

အောင်ဇော်ဝင်း (ခ) ဇော်ကိရ်အာမက်ဟာ ထိုင်းလေကြောင်းခရီးစဉ် TG-304 နဲ့ ရန်ကုန်ကနေ ဘန်ကောက်ကို ထွက်ခွာဖို့ ပြင်နေစဉ် အဖမ်းခံရတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)