နယ္စပ္ကေန ျမန္မာတပ္ေတြ ဆုတ္ခြာေပးဖို႔ ဘဂၤလားေဒ့ရွ္ ေတာင္းဆို

0
847

ျမန္မာလံုၿခံဳေရး တပ္ဖြဲ႔ေတြကို ဒုကၡသည္ စခန္းေတြအနီးရွိ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္ကေန ဆုတ္ခြာေပးဖို႔ ဘဂၤလားေဒ့ရွ္က ေတာင္းဆိုထားပါတယ္။

ဘဂၤလားေဒ့ရွ္ အေရွ႕ေတာင္ပိုင္း ခါဂရာခ်ာရီရွိ နယ္စပ္ျဖတ္တဲ့ေနရာ တြန္ဘ႐ူအနီးမွာ ျမန္မာလံုၿခံဳေရးတပ္ဖြဲ႔ေတြ တိုးျမွင့္ခ်ထားမႈကို စိုးရိမ္ေၾကာင္း ဒါကာၿမိဳ႕မွာ ျမန္မာသံတမန္ကို ဆင့္ေခၚၿပီး ေျပာၾကားခဲ့တယ္လို႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရး ဝန္ႀကီးက မေန႔က မတ္လ ၁ ရက္ေန႔မွာ ေျပာပါတယ္။

ျမန္မာလံုၿခံဳေရးတပ္ေတြ ခ်ထားမႈဟာ ဘဂၤလားေဒ့ရွ္ကို စိတ္႐ႈပ္ေထြးေစၿပီး နယ္စပ္မွာ တင္းမာမႈကို ျမင့္တက္ေစႏိုင္တယ္လို႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။ နယ္ျခားရွိ လူမေနရဇုန္မွာ မြတ္စလင္ ၆ ေထာင္ အေျခခ်ခဲ့ၿပီးေနာက္ အခုလို လံုၿခံဳေရး တိုးျမွင့္ထားတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နယ်စပ်ကနေ မြန်မာတပ်တွေ ဆုတ်ခွာပေးဖို့ ဘင်္ဂလားဒေ့ရှ် တောင်းဆို

မြန်မာလုံခြုံရေး တပ်ဖွဲ့တွေကို ဒုက္ခသည် စခန်းတွေအနီးရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကနေ ဆုတ်ခွာပေးဖို့ ဘင်္ဂလားဒေ့ရှ်က တောင်းဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း ခါဂရာချာရီရှိ နယ်စပ်ဖြတ်တဲ့နေရာ တွန်ဘရူအနီးမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ တိုးမြှင့်ချထားမှုကို စိုးရိမ်ကြောင်း ဒါကာမြို့မှာ မြန်မာသံတမန်ကို ဆင့်ခေါ်ပြီး ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက မနေ့က မတ်လ ၁ ရက်နေ့မှာ ပြောပါတယ်။

မြန်မာလုံခြုံရေးတပ်တွေ ချထားမှုဟာ ဘင်္ဂလားဒေ့ရှ်ကို စိတ်ရှုပ်ထွေးစေပြီး နယ်စပ်မှာ တင်းမာမှုကို မြင့်တက်စေနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ နယ်ခြားရှိ လူမနေရဇုန်မှာ မွတ်စလင် ၆ ထောင် အခြေချခဲ့ပြီးနောက် အခုလို လုံခြုံရေး တိုးမြှင့်ထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)