ႏွစ္ ၇၀ အတြင္း စံခ်ိန္သစ္အျဖစ္ ၂၀၁၇-၂၀၁၈ မွာ ဆန္တန္ခ်ိန္ ၃ သန္း တင္ပို႔ႏိုင္

0
949

၂၀၁၇-၂၀၁၈ ခုႏွစ္ ဆန္စပါး ထုတ္လုပ္မႈမွာ ျပည္ပကို ဆန္တန္ခ်ိန္ ၃ သန္း တင္ပို႔ႏိုင္ခဲ့တဲ့အတြက္ ႏွစ္ေပါင္း ၇၀ အတြင္း စံခ်ိန္သစ္ တင္ႏိုင္ခဲ့ပါတယ္။

ေတာင္သူလယ္သမားေတြရဲ႕ ႀကိဳးစားအားထုတ္မႈ၊ တာဝန္ရွိ ဌာနဆိုင္ရာေတြနဲ႔ ပုဂၢလိကက႑က ပူးေပါင္းေဆာင္ရြက္မႈတို႔ေၾကာင့္ အခုလို တင္ပို႔ႏိုင္တာျဖစ္လို႔ ေတာင္သူလယ္သမားေတြကို ဂုဏ္ျပဳ မွတ္တမ္းတင္ပါတယ္လို႔ ဒီေန႔ မတ္လ ၂ ရက္ေန႔မွာ က်ေရာက္တဲ့ ေတာင္သူလယ္သမားေန႔ အခမ္းအနားကို သမၼတ ဦးထင္ေက်ာ္ ေပးပိုတဲ့ သဝဏ္လႊာမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏုိင္ငံ လူဦးေရရဲ႕ ၇ဝ ရာခိုင္ႏႈန္းခန္႔ဟာ ေက်းလက္ေဒသမွာ ေနထိုင္ၾကၿပီး အဓိက စီးပြားေရးလုပ္ငန္းက လယ္ယာလုပ္ငန္းျဖစ္ေၾကာင္း၊ တစ္မ်ဳိးသားလံုးရဲ႕ ျပည္တြင္း အသားတင္ထုတ္လုပ္မႈနဲ႔ ဝန္ေဆာင္မႈတန္ဖိုး (GDP) ရဲ႕ ၃ဝ ရာခုိင္ႏႈန္းခန္႔ကို လယ္ယာက႑ကေန ရရိွေပမယ့္ ေတာင္သူလယ္သမား အမ်ားစုမွာ လူမႈစီးပြားဘဝ နိမ့္က်ေနဆဲ ျဖစ္တယ္လို႔ သဝဏ္လႊာမွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နှစ် ၇၀ အတွင်း စံချိန်သစ်အဖြစ် ၂၀၁၇-၂၀၁၈ မှာ ဆန်တန်ချိန် ၃ သန်း တင်ပို့နိုင်

၂၀၁၇-၂၀၁၈ ခုနှစ် ဆန်စပါး ထုတ်လုပ်မှုမှာ ပြည်ပကို ဆန်တန်ချိန် ၃ သန်း တင်ပို့နိုင်ခဲ့တဲ့အတွက် နှစ်ပေါင်း ၇၀ အတွင်း စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

တောင်သူလယ်သမားတွေရဲ့ ကြိုးစားအားထုတ်မှု၊ တာဝန်ရှိ ဌာနဆိုင်ရာတွေနဲ့ ပုဂ္ဂလိကကဏ္ဍက ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် အခုလို တင်ပို့နိုင်တာဖြစ်လို့ တောင်သူလယ်သမားတွေကို ဂုဏ်ပြု မှတ်တမ်းတင်ပါတယ်လို့ ဒီနေ့ မတ်လ ၂ ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အခမ်းအနားကို သမ္မတ ဦးထင်ကျော် ပေးပိုတဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ လူဦးရေရဲ့ ၇ဝ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်ဒေသမှာ နေထိုင်ကြပြီး အဓိက စီးပွားရေးလုပ်ငန်းက လယ်ယာလုပ်ငန်းဖြစ်ကြောင်း၊ တစ်မျိုးသားလုံးရဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး (GDP) ရဲ့ ၃ဝ ရာခိုင်နှုန်းခန့်ကို လယ်ယာကဏ္ဍကနေ ရရှိပေမယ့် တောင်သူလယ်သမား အများစုမှာ လူမှုစီးပွားဘဝ နိမ့်ကျနေဆဲ ဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)