
0
889




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စေတနာ့ ဝန်ထမ်းလူငယ် ပဉ္စမအသုတ် ရခိုင်ပြည်နယ် ရောက်ရှိ

ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) မှာ ပါဝင်ကူညီဖို့အတွက် စေတနာ့ ဝန်ထမ်းလူငယ် ပဉ္စမအသုတ် မတ်လ ၁ ရက်နေ့က စစ်တွေမြို့ကို ရောက်ရှိပါတယ်။

အဖွဲ့မှာ စေတနာ့ဝန်ထမ်း ၄၇ ယောက်နဲ့ ကြီးကြပ်မယ့် ဝန်ထမ်း ၆ ယောက် ပါရှိပြီး ဘူးသီးတောင်နဲ့ မောင်တောကို သွားရောက်မှာ ဖြစ်ပါတယ်။

ပဉ္စမအသုတ် စေတနာ့ ဝန်ထမ်းလူငယ်တွေဟာ ဒီနေ့ မတ် ၂ ရက်မှာ စစ်တွေမြို့ကနေ အမြန် ရေယာဉ်နဲ့ ဘူးသီးတောင်မြို့ကို ဆက်လက်ထွက်ခွာပြီး ဘူးသီးတောင်၊ မောင်တောဒေသရှိ ကျေးရွာတွေဆီကို မတ် ၃ ရက်ကနေ ၁၂ ရက်အထိ ကွင်းဆင်း ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)