USDP သည် ဖခင်နာမည် အလွဲသုံးစား မလုပ်ဟု မဲဆွယ်ပွဲတွင် ဦးလှဆွေ ပြော

0
304

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ဟာ ဖခင်နာမည်နဲ့ သုံးစားနေတာ မဟုတ်ဘူးလို့ ဦးလှဆွေက မတ်လ (၁) ရက်နေ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပြုလုပ်သွားတဲ့ ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ်ပွဲမှာ ပြောဆိုသွားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဟာ ဘယ်သူလဲဆိုပြီး ပရိသတ်တွေကို ဦးလှဆွေက မေးရာမှာ ပရိသတ်တွေနဲ့ ဦးလှဆွေက ဗိုလ်ချုပ်အောင်ဆန်းလို့ ဖြေကြပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ ဖခင်နာမည်ကရောဆိုပြီး ပရိသတ်တွေကို မေးရာမှာ ပရိသတ်တွေနဲ့ ဦးလှဆွေကပါ သမ္မတဟောင်း ဦးသိန်းစိန် ဖြစ်တယ်လို့ ဖြေပါတယ်။

ဦးလှဆွေက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ ကိုယ့်အရည်အချင်းနဲ့ကိုယ် လုပ်တဲ့ ပါတီဖြစ်ကြောင်း၊ ဖအေ နာမည်ပါတီနဲ့ ကိုယ့်အရည် အချင်းနဲ့ကိုယ် လုပ်တဲ့ပါတီနှစ်ခုမှာ ဘယ်ပါတီကိုပဲ ဖအေခေါ်မှာလည်း ဆိုပြီး မေးခွန်းထုတ် မဲဆွယ်သွားခဲ့တာပါ။

လက်ရှိ သမ္မတ ဦးထင်ကျော်ကိုလည်း ဝေဖန်ပြီးပြီး မုံရွာပြည်သူတွေကို မဲဆွယ်စည်းရုံးခဲ့သလို သမ္မတဟောင်း ဦးသိန်းစိန်နဲ့ သမ္မတ ဦးထင်ကျော်တို့ရဲ့ လုပ်ဆောင်ချက်တွေ ကွာခြားကြောင်းလည်း သူက ပြောဆိုသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)