ဦးကိုနီ လုပ်ကြံခံရမှု သတင်းစာ ရှင်းလင်းပွဲ လူငယ်အဖွဲ့ ကန့်ကွက်

0
295

ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲနဲ့ ပတ်သက်လို့ ရန်ကုန်လူငယ် ကွန်ရက်က ဒီနေ့ မတ်လ ၂ ရက်နေ့ နေ့စွဲနဲ့ သဘောထားထုတ်ပြန် လိုက်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ စစ်ဆေးတွေ့ရှိချက်တွေဟာ ကျိုးကြောင်းဆီလျော်မှု မရှိတဲ့အပြင် အမှုပေါ့အောင် ကာကွယ်ပြောဆိုသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

နောက်တစ်ချက်ကတော့ ပြစ်မှုကျူးလွန်သူတွေဟာ လူငယ် အသက်အရွယ်အပိုင်းအခြား မဟုတ်ပါဘဲ “လူငယ်သဘာဝအရ” ဆိုပြီး သုံးစွဲတာဟာ လူငယ်များအပေါ် ပုံဖျက်ပြောဆိုခြင်း ဖြစ်တယ်လို့ ကန့်ကွက်ထားပါတယ်။

နောက်ဆုံးအချက်အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ဒီကိစ္စကို အထူးစောင့်ကြည့်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)