ကမ္ဘောဒီယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ အဖွဲ့ မန္တလေးမြို့ မဟာမုနိ ဘုရားကြီးကို လာရောက်ဖူးမြော်

0
272

မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ် မစ္စတာ ဟော်နမ်ဟောင်နဲ့ အဖွဲ့ဟာ ဒီကနေ့ နံနက်
၁၀ နာရီ ခွဲ က မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမြင့် အောင် နဲ့ တာဝန်ရှိသူများက လေဆိပ်ကို သွားရောက် ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့်အဖွဲ့ဟာ မန္တလေးမြို့က မဟာမုနိဘုရားကြီးကို လာရောက်ဖူးမြော်ကြည်ညိုကြရာ မန္တလေးမဟာမုနိ ဘုရားဂေါပကအဖွဲ့ ဥက္ကဌ ဦးစိုးဝင်းနှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

ဒုတိယ၀န်ကြီးချုပ်နဲ့အဖွဲ့ဟာ မဟာမုနိဘုရားကြီးအားဖူးမြော်ကြည်ညိုခြင်း၊ ရွှေသင်္ကန်းကပ် လှူခြင်း၊ ဧည့်သည်တော် မှတ်တမ်းမှာ လက်မှတ်ရေးထိုးခြင်း၊ ဘုရားဝန်းအတွင်း လှည့်လည်ပြီး ကြေးရုပ်ပြတိုက်ကို လေ့လာခြင်းများ ဆောင်ရွက်ခဲ့ပြီး မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)