သံလွင်မြစ်ကူး တံတားသစ်ကို အောင်ဆန်းတံတား နာမည်မတပ်ရေး ဒေသခံများ ဆန္ဒပြ

0
306

မွန်ပြည်နယ်၊ မော်လမြိုင်နဲ့ ချောင်းဆုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ သံလွင်မြစ်ကူး တံတားကို “အောင်ဆန်းတံတား” လို့ အမည် မတပ်ရေးအတွက် ဒီကနေ့ မတ်လ ၂ ရက်နေ့မှာ ဒေသခံ လူအင်အား ၅၀၀၀ ကျော်က အဲဒီ တံတားနားကို သွားရောက်ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

အဓိက ဆန္ဒပြသူများက မွန်ဒေသခံများ ဖြစ်ပါတယ်။

ဒေသခံ မွန်လူမျိုးတွေကတော့ အဲဒီတံတားကို “ရာမည တံတား” လို့ အမည် ပေးချင်ကြောင်း၊ ဒီနေ့ ဆန္ဒပြတာဟာ သက်ဆိုင်ရာ ရဲစခန်းရဲ့ ခွင့်ပြုချက် ရယူပြီးမှ ဆန္ဒပြခဲ့တာ ဖြစ်ကြောင်း၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်မြေ (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက ပြောပါတယ်။

အမေရိကန်ဒေါ်လာ ၄၄ သန်း ကုန်ကျတဲ့ အဲဒီ သံလွင်မြစ်ကူး တံတားဟာ ပေ ၅၂၀၀ ရှည်ပြီး မတ်လအတွင်း ပြီးစီးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)