မော်လမြိုင်မှာ စကားများ ရန်ဖြစ်ပြီး လူသတ်မှုဖြစ်

0
275

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ရွှေတောင်ရပ် အထက်လမ်းမကြီးနဲ့ မလာဝင်း လမ်းဆုံမှာ ယမန်နေ့က စကားများ ရန်ဖြစ်ရာကနေ
လူသတ်မှုအထိ ဖြစ်ပွားခဲ့ပါတယ်။

ဂျမားဆိုသူက တစ်ဖက်၊ ပြည့်စုံဦး၊ ဝေလင်းထွေး၊ နေသူရ (ခ) မောင်မောင် ဆိုသူတို့ သုံးဦးက တစ်ဖက် ရန်ဖြစ်ခဲ့ကြကြောင်း၊ ဂျမားက ပါလာတဲ့ ဓားနဲ့ ကျန် သုံးဦးကို ဓားနဲ့ လိုက်ထိုးခဲ့တာဖြစ်ပြီး နေသူရ ဓားဒဏ်ရာနဲ့ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓားနဲ့ ထိုးခဲ့တဲ့ ဂျမားကို မော်လမြိုင် မြို့မရဲစခန်းက ၃၀၂-က အရ ကနဦး အမှုဖွင့်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)