ကိုယ်နဲ့ မဆိုင်တာတွေကို မစွက်ဖက်ဖို့ ဦးရွှေမန်း ပြော

0
298

တိုင်းပြည်ကို တကယ် ချစ်တယ်ဆိုရင် ကိုယ်နဲ့မဆိုင်တာတွေကို ၀င်ရောက်စွက်ဖက်တာနဲ့ ကျူးကျော်တာတွေ မလုပ်ဖို့ သူရဲ့ လူမှုကွန်ရက် Facebook က တစ်ဆင့် ပြောဆိုလိုက်ပါတယ်။

တိုင်းပြည်အတွက် ဘာလုပ်ပေးရင်၊ ဘယ်လို လုပ်ပေးရင် အကောင်းဆုံး ဖြစ်မလဲဆိုတာတွေကို လေ့လာပြီးမှ လုပ်ဆောင်ကြသင့်တယ်လို့လည်း
ဆိုပါတယ်။ ပြည်သူများရဲ့ လိုအပ်ချက်နဲ့ တိုင်းပြည်ရဲ့ ပကတိ အခြေအနေတွေကို မြင်အောင်ကြည့်ဖို့လည်း တိုက်တွန်းထားပါတယ်။

သူရဦးရွှေမန်း တာဝန်ယူထားတဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင် သက်တမ်းတိုးမြှင့်ရေး ဖေဖော်ဝီရီလ ၂၈ ရက်နေ့က လွှတ်တော်တွင်း ဆွေးနွေးရာမှာ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ကန့်ကွက်ခဲ့ပါတယ်။

မဲခွဲရာမှာ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က ၁၈၉ မဲပဲရရှိပြီး သက်တမ်းတိုးရေး ထောက်ခံတဲ့ဘက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ်တွေ အပါအဝင် ၃၃၃ မဲ ရရှိခဲ့ပါတယ်။ အဲဒါကြောင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်ဟာ ၂၀၁၈ ဖေဖော်ဝါရီလကုန်အထိ သက်တမ်း ဆက်ရှိဦးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)