ကျောက်ကြီးမြို့နယ်တွင် မီးလောင်မှု တစ်ဦးသေ

0
264

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကျောက်စရစ်ရွာမှာ ယမန်နေ့က ဆေးလိပ်မီးကျရာမှ မီးလောင်ပြီး လူတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ကျောက်စရစ်ကျေးရွာနေ ဝါးခင်း၊ ဝါးကာ၊ သက်ကယ်မိုး နေအိမ်အတွင်း အသက် ၅၀ နှစ်အရွယ် ဦးအောင်နိုင် မီးလောင် သေဆုံးနေကြောင်း၊ ဦးအောင်နိုင်ဟာ ကျန်းမာရေး မကောင်းတဲ့အတွက် စောင်ခြုံ လဲလျောင်းနေစဉ် စောင်ပေါ်သို့ ဆေးလိပ်မီးပွားကျပြီး အိပ်ပျော်စဉ် မီးလောင်ခဲ့ခြင်း ဖြစ်ကြောင်း နတ်သံကွင်း နယ်မြေရဲစခန်းမှူး ရဲအုပ် ကျောင်ဇင်သန်း ဦးစီးတဲ့အဖွဲ့ရဲ့ စစ်ဆေးချက်အရ သိရပါတယ်။

မီးက ဝါးတဲအိမ်ကိုပါ ကူးစက်လောင်ကျွမ်းတဲ့အတွက် ရွာသားများ ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ကြောင်း၊ ဦးအောင်နိုင်ရဲ့ အိမ်ဟာ တခြားအိမ်များနဲ့ အလှမ်းဝေးတဲ့အတွက် ကူညီကယ်ဆယ်ရန် အချိန်မမီခဲ့တာလည်း ဖြစ်ပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)