GDP ရဲ့ ၃၀ ရာခိုင်နှုန်းကို လယ်ယာကဏ္ဍမှ ရရှိသော်လည်း တောင်သူ လယ်သမားများ အကျိုးခံစားခွင့် နည်း

0
306

မြန်မာနိုင်ငံရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်ဒေသမှာ နေထိုင်ကြပြီး လယ်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကာ တစ်မျိုးသားလုံးရဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု တန်ဖိုး (GDP) ရဲ့ ၃၀ ရာခိုင်နှုန်းခန့်ကို လယ်ယာ ကဏ္ဍမှ ရရှိကြောင်း၊ ဒါပေမယ့် တောင်သူလယ်သမား အများစုဟာ အကျိုးခံစားခွင့် အလွန်နည်းပါးပြီး လူမှုစီးပွားဘဝ နိမ့်ကျလျက် ရှိကြောင်း ယနေ့ ကျရောက်တဲ့ တောင်သူလယ်သမားနေ့မှာ သမ္မတ ဦးထင်ကျော်က ပြောဆိုလိုက်ပါတယ်။

တောင်သူလယ်သမားနေ့အတွက် ပေးပို့တဲ့ သမ္မတ ဦးထင်ကျော်ရဲ့ သဝဏ်လွှာမှာ ရာသီဥတု ပြောင်းလဲမှု၊ သဘာဝဘေးဒဏ်၊ သစ်တော ပြုန်းတီးခြင်း၊ မြေဆီလွှာထိန်းသိမ်းမှု လုပ်ငန်း အားနည်းခြင်းတို့ရဲ့ အကျိုးဆက်ကြောင့် တောင်သူ လယ်သမား အများစု ဝင်ငွေနိမ့်ကျပြီး လူမှုစီးပွားဘဝ အခြေအနေတွေ ထိခိုက်တယ်လို့ ဖော်ပြထားပါတယ်။

အစိုးရသစ် ၁၁ လတာ ကာလအတွင်း ရေရှည်တည်တံ့တဲ့ လယ်ယာထုတ်ကုန်စနစ် ထွန်းကားရေး၊ နိုင်ငံတကာနဲ့ ယှဉ်နိုင်မယ့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တိုးတက်ရေး၊ တောင်သူလယ်သမား အခွင့်အရေး ပြည့်ဝစွာ ရရေး၊ လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေး စတဲ့ ရည်မှန်းချက် ၁၁ ခု ချမှတ်လုပ်ဆောင်နေကြောင်းလည်း သဝဏ်လွှာက ဖော်ပြပါတယ်။

ယခင်အစိုးရ လက်ထက်များက လယ်ယာမြေ သိမ်းဆည်းမှု၊ ဆန့်ကျင် ကန့်ကွက်တဲ့ တောင်သူလယ်သမားများကို ဖမ်းဆီးထောင်ချမှုများ ရှိခဲ့ပါတယ်။ သိမ်းဆည်း လယ်မြေတချို့ကို ပြန်လည် ပေးအပ်ခြင်း၊ လျော်ကြေးပေးခြင်းများ မူချ လုပ်ဆောင်နေပေမယ့်လည်း အခက်အခဲ အတားအဆီးများစွာ ရှိနေဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)