လေးရက်အတွင်း အကောက်ခွန်မဲ့ ပစ္စည်း ကျပ် ၁၄၈ သန်းကျော်ဖိုး ဖမ်းဆီးရမိ

0
311

ပြည်တွင်း အကောက်ခွန် နယ်မြေတွေမှာ သွင်းကုန်၊ ထုတ်ကုန် စာရွက်စာတမ်း အထောက်အထား မပြနိုင်တဲ့ အကောက်ခွန်မဲ့ ပစ္စည်းတွေကို ဖမ်းဆီးရမှာ ဖေဖော်ဝါရီလ နောက်ဆုံးပတ် လေးရက်အတွင်း ကျပ် ၁၄၈ ဒသမ ၆၇၅ သန်းဖိုးခန့် ဖမ်းဆီးရမိခဲ့ပါတယ်။

မန္တလေး တိုင်းဒေသကြီးမှာ တန်ဖိုးငွေကျပ် ၁၁ ဒသမ ၉၅ သန်း၊ မြစ်ကြီးနားမြို့နယ်မှာ တန်ဖိုးငွေကျပ် ၅ ဒသမ ၅၃၆၂ သန်း၊ မော်လမြိုင်မြို့နယ်မှာ တန်ဖိုးငွေကျပ် ၆၇ ဒသမ ၈၆ သန်း၊ တာချီလိတ် မြို့နယ်မှာ တန်ဖိုးငွေကျပ် ၁ ဒသမ ၂ သန်း၊ မူဆယ်မြို့နယ်မှာ တန်ဖိုးငွေကျပ် ၁ ဒသမ ၁၂၉၁ သန်း၊ ရေပူစမ်း အကောက်ခွန် စစ်ဆေးရေးဂိတ်မှာ တန်ဖိုးငွေကျပ် ၆၁ သန်းနဲ့ အမှု ၁၇မှုရှိပြီး စုစုပေါင်း ကာလတန်ဖိုးငွေ ၁၄၈ ဒသမ ၆၇၅ သန်းကို ဖမ်းဆီးရမိခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)