စစ်တွေမြို့နယ်တွင် ဆေးခြောက်များ ဖမ်းဆီးရမိ

0
264

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဒါးပိုင်ကျေးရွာမှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဆေးခြောက် အများအပြား ဖမ်းဆီးရမိခဲ့ပါတယ်။

စစ်တွေ မြို့နယ် ဒါးပိုင်ကျေးရွာမှာ နေထိုင်တဲ့ ဦးမာမောက်တာလီရဲ့သား အာမောက်တူဆောင်း (၃ဝ) နှစ်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ ပလတ်စတစ်အိတ်နဲ့ ထုပ်ထားတဲ့ ဆေးခြောက်အထုပ်သေး (၂၇ ) ထုပ်နဲ့ အထုပ်ကြီး ခုနစ်ထုပ် စုစုပေါင်းအလေးချိန် (၄ဝ) ဒသမ (၁၇ဝ၁၄) ကီလိုဂရမ်ရှိပြီး ကာလတန်ဖိုးငွေကျပ် (၄ဝ၁၇ဝ၁၄ဝ) ခန့် ဖမ်းဆီးရမိခဲ့တာပါ။

စစ်တွေမြို့မ ရဲစခန်းက အာမောက်တူဆောင်းကို အမှုဖွင့် အရေးယူထားပြီး ဒီဆေးခြောက် ဖမ်းဆီးရမိမှုနဲ့ ပက်သက်လို့ ကွင်းဆက် တရားခံတွေဖြစ်တဲ့ အာမီဟူဆောင်း၊ ဆွေယော့နဲ့ အဒူရာမာန် တို့ကတော့ ထွက်ပြေး လွတ်မြောက်နေကြတယ်လို့ သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)