လူမ်ိဳးေရးပဋိပကၡေတြ ေျဖရွင္းႏိုင္မွာသာ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ႏိုင္မွာျဖစ္ (႐ုပ္/သံ)

0
1877

ျပည္တြင္းမွာ ျဖစ္ပြားေနတဲ့ လူမ်ိဳးေရးပဋိပကၡေတြ ေျဖရွင္းႏိုင္မွာသာ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ႏိုင္မွာျဖစ္တယ္လို႔ဘာသာေရးေခါင္းေဆာင္ေတြက တိုက္တြန္းေျပာၾကား လိုက္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေကသြယ္က ေပးပို႔ထားပါတယ္။

ဘာသာေရးနဲ႔ ဆက္ႏႊယ္ၿပီး ျဖစ္ေပၚလာတဲ့ လူမ်ိဳးေရးပဋိပကၡေတြကုိ ေျဖရွင္းႏိုင္ဖုိ႔အျပင္ ျမန္မာျပည္မွာ ၿငိမ္းခ်မ္းတဲ့လူမႈ အသုိင္းအဝိုင္းတစ္ခု တည္ေဆာက္နိုင္ဖုိ႔ လုိအပ္ေနၿပီလုိ႔ တက္ေရာက္လာတဲ့ ဘာသာေရးေခါင္းေဆာင္ေတြက ေျပာပါတယ္။

ေဖေဖာ္၀ါရီလ ၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ျပည္လမ္းမွာရွိတဲ့ IBC ခန္းမမွာ ၿငိမ္းခ်မ္းေရးအသံ ပ်ံ႕လြင့္ၿပီ ျမန္မာ ျပည္ေခါင္းစဥ္နဲ႔ HWPL က ဦးေဆာင္ၿပီး က်င္းပျပဳလုပ္တဲ့ အခမ္းအနားမွာ ဘာသာေရးေခါင္းေဆာင္ေတြက အခုလိုေျပာဆုိခဲ့တာပါ။

Sound Bite ခရစ္ဘုန္းေတာ္ႀကီး ေဒးဗစ္ညီညီႏုိင္
မႏၱေလးသာသနာပုိင္နယ္

ကမာၻတစ္၀ွမ္းမွာျဖစ္ေပၚေနတဲ့ ဘာသာေရး ပဋိပကၡေတြ ေျဖရွင္းေဆာင္ရြက္နုိင္ဖုိ႔ ဘာသာေပါင္းစုံ ခ်စ္ၾကည္ေရးလုပ္ငန္းစဥ္ေတြကို နုိင္ငံအသီးသီးကဘာသာေရးေခါင္းေဆာင္ေတြက ပူးေပါင္း လုပ္ေဆာင္ေနၾကတာလည္းျဖစ္ပါတယ္။
ဒါ့အျပင္ (HWPL) အဖြဲ႕ကုိ ၿပီးခဲ့တဲ့၂၀၁၄ခုႏွစ္ စတင္အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနတာျဖစ္ၿပီး နိင္ငံအသီးသီးမွာရွိတဲ့ အစုိးရအဖြဲ႕အစည္းေတြနဲ႔ ျပည္သူေတြအၾကား အေရးႀကီးတဲ့ ၿငိမ္းခ်မ္းေရး ကြန္ရက္ ကုိ ခ်မွတ္အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနတာလည္း ျဖစ္ပါတယ္ ။

Sound Bite သိကၡာေတာ္ရဆရာ ေဒါက္တာဦးေအးမင္း
ျမန္မာနုိင္ငံ ဓမၼတကၠသိုလ္

လက္ရွိမွာ (HWPL) ဟာ (DPCW)လုိ႔ေခၚတဲ့ စစ္ပြဲေတြရပ္ဆုိင္းေပးေရးနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာ ဘာသာေရးဆုိင္ရာအခ်က္အလက္ေတြကုိ ပါ၀င္တဲ့ ဥပေဒမူႀကမ္းတစ္ခု ေရးဆြဲျပဌာန္းေပးနုိင္ဖို႔ လုပ္ေဆာင္ေနတာျဖစ္သလို အဲဒီျပဌာန္းခ်က္ကုိကုိင္စြဲၿပီး မူႀကမ္းအဆင့္ကေနအျပည္ျပည္ဆုိင္ရာ ဥပေဒတစ္ရပ္ျဖစ္ေပၚႏုိင္ဖုိ႔လုပ္ေဆာင္ေနတာလည္းျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ လူမျိုးရေးပဋိပက္ခတွေ ဖြေရှင်းနိုင်မှာသာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မှာဖြစ်တယ်လို့ဘာသာရေးခေါင်းဆောင်တွေက တိုက်တွန်းပြောကြား လိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေသွယ်က ပေးပို့ထားပါတယ်။

ဘာသာရေးနဲ့ ဆက်နွှယ်ပြီး ဖြစ်ပေါ်လာတဲ့ လူမျိုးရေးပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အပြင် မြန်မာပြည်မှာ ငြိမ်းချမ်းတဲ့လူမှု အသိုင်းအဝိုင်းတစ်ခု တည်ဆောက်နိုင်ဖို့ လိုအပ်နေပြီလို့ တက်ရောက်လာတဲ့ ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ IBC ခန်းမမှာ ငြိမ်းချမ်းရေးအသံ ပျံ့လွင့်ပြီ မြန်မာ ပြည်ခေါင်းစဉ်နဲ့ HWPL က ဦးဆောင်ပြီး ကျင်းပပြုလုပ်တဲ့ အခမ်းအနားမှာ ဘာသာရေးခေါင်းဆောင်တွေက အခုလိုပြောဆိုခဲ့တာပါ။

Sound Bite ခရစ်ဘုန်းတော်ကြီး ဒေးဗစ်ညီညီနိုင်
မန္တလေးသာသနာပိုင်နယ်

ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပေါ်နေတဲ့ ဘာသာရေး ပဋိပက္ခတွေ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးလုပ်ငန်းစဉ်တွေကို နိုင်ငံအသီးသီးကဘာသာရေးခေါင်းဆောင်တွေက ပူးပေါင်း လုပ်ဆောင်နေကြတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် (HWPL) အဖွဲ့ကို ပြီးခဲ့တဲ့၂၀၁၄ခုနှစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပြီး နိင်ငံအသီးသီးမှာရှိတဲ့ အစိုးရအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေအကြား အရေးကြီးတဲ့ ငြိမ်းချမ်းရေး ကွန်ရက် ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ် ။

Sound Bite သိက္ခာတော်ရဆရာ ဒေါက်တာဦးအေးမင်း
မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်

လက်ရှိမှာ (HWPL) ဟာ (DPCW)လို့ခေါ်တဲ့ စစ်ပွဲတွေရပ်ဆိုင်းပေးရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဘာသာရေးဆိုင်ရာအချက်အလက်တွေကို ပါဝင်တဲ့ ဥပဒေမူကြမ်းတစ်ခု ရေးဆွဲပြဌာန်းပေးနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်သလို အဲဒီပြဌာန်းချက်ကိုကိုင်စွဲပြီး မူကြမ်းအဆင့်ကနေအပြည်ပြည်ဆိုင်ရာ ဥပဒေတစ်ရပ်ဖြစ်ပေါ်နိုင်ဖို့လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)