ဘဂၤါလီအမ်ားအျပား သတ္ခံထားရတဲ႔သတင္း ကို အေမရိကန္ အလြန္အမင္းစိတ္အေႏွာက္အယွက္ျဖစ္ (႐ုပ္/သံ)

0
1850

ရခိုင္ျပည္နယ္မွာ ဘဂၤါလီေတြအမ်ားအျပားအသက္ခံထားရတယ္ဆိုတဲ႔ AP သတင္းဌာနေဖာ္ျပမႈကို အလြန္အမင္း စိတ္အေႏွာက္အယွက္ ျဖစ္ရတယ္လို႔ အေမရိကန္က ေျပာဆိုလိုက္ပါတယ္ ။ ဒီသတင္းကို MCN …ကတင္ဆက္ေပးထားပါတယ္ ။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ဂူတာျပင္ေက်းရြာမွာ ဘဂၤါလီ မြတ္စလင္ေတြကို သတ္ၿပီး ျမွဳပ္ထားတဲ့ ေနရာ ၅ ေနရာရွိတယ္လို႔ AP သတင္းဌာနက ေပးပို႔လိုက္တာကိုျပီးခဲ႔တဲ႔ရက္ပိုင္းက BBC သတင္းဌာနက ေဖာ္ျပလိုက္တာျဖစ္ပါတယ္ ။

အခုလို အခုလို သတင္းေတြထြက္ေပၚနဲ႔ ပတ္သက္ၿပီး အလြန္အမင္း စိတ္အေႏွာက္အယွက္ ျဖစ္ရေၾကာင္းနဲ႔ သတိထား ေစာင့္ၾကည့္ေနတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာခြင္ရသူ ဟီသာ ႏူအာက ေျပာဆိုလိုက္တာပါ ။

Sound Bite

ဒါအျပင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈေတြနဲ႔ ပတ္သက္လို႔ တာဝန္ယူမႈရွိေအာင္ အကူအညီေပးသြားမွာျဖစ္ျပီး ျမန္မာအစိုးရအေနနဲ႔ လြတ္လပ္တဲ့ စံုစမ္းမႈေတြ လုပ္ႏိုင္ေအာင္ ပူးေပါင္းေဆာင္ရြက္ဖို႔ လိုတယ္လို႔လည္း တိုက္တြန္းေျပာဆိုထားပါတယ္ ။

Sound Bite

ဒီလိုသတင္းေတြထြက္လာတာက AP သတင္းေထာက္ဟာ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းက လူေတြနဲ႔ ေတြ႔ဆံုေမးျမန္းၿပီးသူတို႔ေတြရဲ႕ေျပာဆိုမႈေတြအရ လူအမ်ားအျပားကိုသတ္ျဖတ္ၿပီး လက္ကိုင္ဖုန္းနဲ႔ဓာတ္ပံု ႐ိုက္ကူးထားေတြ ရွိေေၾကာင္းေဖာ္ျပခဲ႔တာျဖစ္ပါတယ္ ။ ရခိုင္ျပည္နယ္အတြင္း ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာနဲ႔ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လတို႔မွာ အၾကမ္းဖက္ ပဋိပကၡေတြ ျဖစ္ပြားၿပီး ဘဂၤလားေဒ့ရွ္ဘက္ကို လူေပါင္း ၇၇၅၀၀၀ ထြက္ေျပးတယ္လို႔ ကုလသမဂၢက စာရင္းထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေအများအပြားအသက်ခံထားရတယ်ဆိုတဲ့ AP သတင်းဌာနဖော်ပြမှုကို အလွန်အမင်း စိတ်အနှောက်အယှက် ဖြစ်ရတယ်လို့ အမေရိကန်က ပြောဆိုလိုက်ပါတယ် ။ ဒီသတင်းကို MCN …ကတင်ဆက်ပေးထားပါတယ် ။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဂူတာပြင်ကျေးရွာမှာ ဘင်္ဂါလီ မွတ်စလင်တွေကို သတ်ပြီး မြှုပ်ထားတဲ့ နေရာ ၅ နေရာရှိတယ်လို့ AP သတင်းဌာနက ပေးပို့လိုက်တာကိုပြီးခဲ့တဲ့ရက်ပိုင်းက BBC သတင်းဌာနက ဖော်ပြလိုက်တာဖြစ်ပါတယ် ။

အခုလို အခုလို သတင်းတွေထွက်ပေါ်နဲ့ ပတ်သက်ပြီး အလွန်အမင်း စိတ်အနှောက်အယှက် ဖြစ်ရကြောင်းနဲ့ သတိထား စောင့်ကြည့်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင်ရသူ ဟီသာ နူအာက ပြောဆိုလိုက်တာပါ ။

Sound Bite

ဒါအပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ တာဝန်ယူမှုရှိအောင် အကူအညီပေးသွားမှာဖြစ်ပြီး မြန်မာအစိုးရအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းမှုတွေ လုပ်နိုင်အောင် ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့လည်း တိုက်တွန်းပြောဆိုထားပါတယ် ။

Sound Bite

ဒီလိုသတင်းတွေထွက်လာတာက AP သတင်းထောက်ဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက လူတွေနဲ့ တွေ့ဆုံမေးမြန်းပြီးသူတို့တွေရဲ့ပြောဆိုမှုတွေအရ လူအများအပြားကိုသတ်ဖြတ်ပြီး လက်ကိုင်ဖုန်းနဲ့ဓာတ်ပုံ ရိုက်ကူးထားတွေ ရှိကြောင်းဖော်ပြခဲ့တာဖြစ်ပါတယ် ။ ရခိုင်ပြည်နယ်အတွင်း ၂၀၁၆ ခုနှစ် အောက်တိုဘာနဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လတို့မှာ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို လူပေါင်း ၇၇၅၀ဝ၀ ထွက်ပြေးတယ်လို့ ကုလသမဂ္ဂက စာရင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)