ဘဂၤါလီေတြသတ္ၿပီး ျမွဳပ္ႏွံထားတဲ႔ကိစၥ စံုစမ္းစစ္ေဆးခြင့္ျပဳဖို႔ ကုလေတာင္းဆို (႐ုပ္/သံ)

0
1807

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ဘဂၤါလီေတြသတ္ၿပီး ျမွဳပ္ႏွံထားတယ္ဆိုတဲ႔ ေရးသားခ်က္နဲ႔ပတ္သက္ၿပီး စံုစမ္းစစ္ေဆးခြင့္ျပဳဖို႔ ကုလသမဂၢက ျမန္မာအစိုးရကို တိုက္တြန္းလိုက္ပါတယ္။ ဒီသတင္းကို MCN ေကသြယ္ ကတင္ဆက္ေပးထားပါတယ္ ။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းက ဂူတာျပင္မွာ ဘဂၤါလီေတြကို သတ္ၿပီး ျမွဳပ္ႏွံထားတဲ့ ေနရာ ၅ ခု ရွိတယ္လို႔ AP သတင္းဌာနရဲ႕ ေရးသားခ်က္နဲ႔ ပတ္သက္ၿပီး စံုစမ္းစစ္ေဆးခြင့္ျပဳဖို႔ ကုလသမဂၢက ျမန္မာအစိုးရကို တိုက္တြန္းလိုက္တာပါ ။
ဒီအေၾကာင္းကို ေဖဖ၀ါရီလ ၁ ရက္ေန႔ကသတင္းစာ ရွင္းလင္းပြဲမွာ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္႐ံုး ေျပာခြင့္ရသူ စတက္ဖနီ ဒူဂ်ာရစ္က ေျပာဆိုလိုက္တာပါ ။

Sound Bite

ဒါအျပင္ အခုလို သတ္ျဖတ္ထားတဲ့ ေနရာေတြ ရွိတယ္လို႔ သတင္းထြက္ေပၚမႈအေပၚ ကုလသမဂၢအေနနဲ႔ အလြန္စိုးရိမ္ ပူပန္ေၾကာင္းနဲ႔ အကူအညီေပးမယ့္ အဖြဲ႔ေတြနဲ႔ သတင္းမီဒီယာေတြကို သြားခြင့္ေပးဖို႔ တိုက္တြန္းထားပါတယ္ ။

Sound Bite

လက္ရွိမွာေတာ႔ APသတင္းဌာနရဲ႕ ေရးသားခ်က္နဲ႔ ပတ္သက္ၿပီး ျပည္နယ္အစိုးရကို စီစစ္ခိုင္းထားေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ဦးေဇာ္ေဌးကျပန္လည္ေျပာဆိုထားပါတယ္ ။ ရခိုင္ျပည္နယ္မွာ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလ ေနာက္ပိုင္း ဘဂၤါလီ မြတ္စလင္ ၄၄၀၀ ေသဆံုးတယ္လို႔ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္း ေခါင္းေဆာင္က နိုင္ငံတကာသတင္းမီဒီယာေတြကိုေျပာဆိုထားပါတယ္ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဘင်္ဂါလီတွေသတ်ပြီး မြှုပ်နှံထားတယ်ဆိုတဲ့ ရေးသားချက်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခွင့်ပြုဖို့ ကုလသမဂ္ဂက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ဒီသတင်းကို MCN ကေသွယ် ကတင်ဆက်ပေးထားပါတယ် ။

ရခိုင်ပြည်နယ် မြောက်ပိုင်းက ဂူတာပြင်မှာ ဘင်္ဂါလီတွေကို သတ်ပြီး မြှုပ်နှံထားတဲ့ နေရာ ၅ ခု ရှိတယ်လို့ AP သတင်းဌာနရဲ့ ရေးသားချက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခွင့်ပြုဖို့ ကုလသမဂ္ဂက မြန်မာအစိုးရကို တိုက်တွန်းလိုက်တာပါ ။
ဒီအကြောင်းကို ဖေဖဝါရီလ ၁ ရက်နေ့ကသတင်းစာ ရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ စတက်ဖနီ ဒူဂျာရစ်က ပြောဆိုလိုက်တာပါ ။

Sound Bite

ဒါအပြင် အခုလို သတ်ဖြတ်ထားတဲ့ နေရာတွေ ရှိတယ်လို့ သတင်းထွက်ပေါ်မှုအပေါ် ကုလသမဂ္ဂအနေနဲ့ အလွန်စိုးရိမ် ပူပန်ကြောင်းနဲ့ အကူအညီပေးမယ့် အဖွဲ့တွေနဲ့ သတင်းမီဒီယာတွေကို သွားခွင့်ပေးဖို့ တိုက်တွန်းထားပါတယ် ။

Sound Bite

လက်ရှိမှာတော့ APသတင်းဌာနရဲ့ ရေးသားချက်နဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရကို စီစစ်ခိုင်းထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကပြန်လည်ပြောဆိုထားပါတယ် ။ ရခိုင်ပြည်နယ်မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ နောက်ပိုင်း ဘင်္ဂါလီ မွတ်စလင် ၄၄၀ဝ သေဆုံးတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း ခေါင်းဆောင်က နိုင်ငံတကာသတင်းမီဒီယာတွေကိုပြောဆိုထားပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)