ဘိုဂတ္အထည္ခ်ဳပ္ သင္တန္းေက်ာင္းက အလုပ္အကိုင္ အခြင့္အလမ္း ဖန္တီးေပးမယ္ (႐ုပ္/သံ)

0
1753

ဘုိဂတ္အထည္ခ်ဳပ္ကြ်မ္းက်င္ သင္တန္းေက်ာင္းကေန ကြ်မ္းက်င္လုပ္သားေမြးထုတ္ၿပီး အလုပ္အကိုင္ အခြင့္အလမ္းေတြ ဖန္တီးေပးသြားမွာျဖစ္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ ေကသြယ္ေပးပုိ႔ထား ပါတယ္။

ဘုိဂတ္အထည္ခ်ဳပ္သင္တန္းေက်ာင္းကေန ကြ်မ္းက်င္လုပ္သား ရွားပါးမႈျပႆနာကုိ ေျဖရွင္းနုိင္ဖို႔ သာမက အထည္ခ်ဳပ္လုပ္ငန္းေတြ ဖြံ႔ၿဖိဳးတုိးတက္နုိင္ေစဖုိ႔ရည္ရြယ္ၿပီး အထည္ခ်ဳပ္သင္တန္းေက်ာင္းကုိ ဖြင့္လွစ္ခဲ့တာပါ။

အဲဒီသင္တန္းေက်ာင္းကုိ ဂ်ာမနီႏိုင္ငံသားပုိင္ ဘုိဂတ္ အတြင္းခံခ်ဳပ္လုပ္တဲ့ စက္ရုံကေန အဓိက ပ့ံပုိးထား တာျဖစ္ၿပီး သင္တန္းေက်ာင္းကုိ ႏွစ္ႏွစ္စီမံကိန္းနဲ႔ အခုႏွစ္ဇန္န၀ါရီ ၁ ရက္ေန႔က စတင္ဖြင့္လွစ္ခဲ့ တာျဖစ္ပါတယ္။
ဇန္န၀ါရီလ ၃၀ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ေရႊသံလြင္စက္မႈဇုန္မွာ ဘုိဂတ္ အထည္ခ်ဳပ္သင္တန္းေက်ာင္း ဖြင့္လွစ္တဲ့အခမ္းအနား ျပဳလုပ္ခဲ့တာပါ။

Soundbite ေဒၚအိသူဇာ၀င္းေမာင္ (အေထြေထြမန္ေနဂ်ာ)
ဘုိဂတ္အထည္ခ်ဳပ္သင္တန္းေက်ာင္း

အဲဒီသင္တန္းေက်ာင္းကုိ တက္ေရာက္လိုသူေတြအေနနဲ႔ ပညာအရည္အခ်င္းအကန္႔အသတ္မရွိဘဲ ၁၈ ႏွစ္ျပည့္ၿပီးသူတုိင္း သင္တန္းေၾကးေပးစရာမလုိပဲ တစ္ေန႔ (၁၈၀၀) ေထာက္ပ့ံေၾကးေပးၿပီး သင္ၾကားေပးသြားမွာျဖစ္ပါတယ္။
ဒါ့အျပင္ အဲဒီလုိသင္တန္းဖြင့္လွစ္နုိင္တာဟာ နုိင္ငံျခား ရင္းႏွီးျမဳပ္ႏွံမႈေတြကိုလည္း တစ္ဖက္တစ္လမ္းက ဖိတ္ေခၚရာေရာက္သလို အထည္ခ်ဳပ္လုပ္ငန္းေတြ ဖြံ႔ၿဖိဳးတုိးေရးအတြက္လည္း ရည္ရြယ္တာျဖစ္ပါတယ္။

Soundbite ေဒၚအိသူဇာ၀င္းေမာင္ (အေထြေထြမန္ေနဂ်ာ)
ဘုိဂတ္အထည္ခ်ဳပ္သင္တန္းေက်ာင္း

အဲဒီသင္တန္းေက်ာင္းမွာေတာ့ ေမာ္တာစက္အသုံးျပဳ စက္ခ်ဳပ္တာေတြအျပင္ ပစၥည္းျပဳျပင္ထိန္း သိမ္းတာေတြနဲ႔ အရည္အေသြးစစ္ေဆးတာေတြ၊ ပစၥည္းေတြစနစ္တက်အသုံးျပဳနိုင္ဖို႔စတဲ့ သင္တန္းေတြကို တစ္ပတ္ ၆ ရက္ခန္႔နဲ႔ သင္တန္းသားတစ္ဦးကုိ သင္တန္းကာလတစ္လနဲ႔ သင္ၾကားေပးေနတာျဖစ္ပါ တယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘိုဂတ်အထည်ချုပ်ကျွမ်းကျင် သင်တန်းကျောင်းကနေ ကျွမ်းကျင်လုပ်သားမွေးထုတ်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးသွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေသွယ်ပေးပို့ထား ပါတယ်။

ဘိုဂတ်အထည်ချုပ်သင်တန်းကျောင်းကနေ ကျွမ်းကျင်လုပ်သား ရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ဖို့ သာမက အထည်ချုပ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်နိုင်စေဖို့ရည်ရွယ်ပြီး အထည်ချုပ်သင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့တာပါ။

အဲဒီသင်တန်းကျောင်းကို ဂျာမနီနိုင်ငံသားပိုင် ဘိုဂတ် အတွင်းခံချုပ်လုပ်တဲ့ စက်ရုံကနေ အဓိက ပံ့ပိုးထား တာဖြစ်ပြီး သင်တန်းကျောင်းကို နှစ်နှစ်စီမံကိန်းနဲ့ အခုနှစ်ဇန်နဝါရီ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ တာဖြစ်ပါတယ်။
ဇန်နဝါရီလ ၃၀ ရက်နေ့က ရန်ကုန်မြို့ ရွှေသံလွင်စက်မှုဇုန်မှာ ဘိုဂတ် အထည်ချုပ်သင်တန်းကျောင်း ဖွင့်လှစ်တဲ့အခမ်းအနား ပြုလုပ်ခဲ့တာပါ။

Soundbite ဒေါ်အိသူဇာဝင်းမောင် (အထွေထွေမန်နေဂျာ)
ဘိုဂတ်အထည်ချုပ်သင်တန်းကျောင်း

အဲဒီသင်တန်းကျောင်းကို တက်ရောက်လိုသူတွေအနေနဲ့ ပညာအရည်အချင်းအကန့်အသတ်မရှိဘဲ ၁၈ နှစ်ပြည့်ပြီးသူတိုင်း သင်တန်းကြေးပေးစရာမလိုပဲ တစ်နေ့ (၁၈၀ဝ) ထောက်ပံ့ကြေးပေးပြီး သင်ကြားပေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီလိုသင်တန်းဖွင့်လှစ်နိုင်တာဟာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကိုလည်း တစ်ဖက်တစ်လမ်းက ဖိတ်ခေါ်ရာရောက်သလို အထည်ချုပ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးရေးအတွက်လည်း ရည်ရွယ်တာဖြစ်ပါတယ်။

Soundbite ဒေါ်အိသူဇာဝင်းမောင် (အထွေထွေမန်နေဂျာ)
ဘိုဂတ်အထည်ချုပ်သင်တန်းကျောင်း

အဲဒီသင်တန်းကျောင်းမှာတော့ မော်တာစက်အသုံးပြု စက်ချုပ်တာတွေအပြင် ပစ္စည်းပြုပြင်ထိန်း သိမ်းတာတွေနဲ့ အရည်အသွေးစစ်ဆေးတာတွေ၊ ပစ္စည်းတွေစနစ်တကျအသုံးပြုနိုင်ဖို့စတဲ့ သင်တန်းတွေကို တစ်ပတ် ၆ ရက်ခန့်နဲ့ သင်တန်းသားတစ်ဦးကို သင်တန်းကာလတစ်လနဲ့ သင်ကြားပေးနေတာဖြစ်ပါ တယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)