လြတ္လပ္တဲ့စိတ္နဲ႔ အႀကံေပးသူေတြသာ ျဖစ္တယ္လို႔ မစၥတာ ဆာသီရာထိုင္း ေျပာ

0
1678

ကြ်န္ေတာ္တို႔ဟာ အေကာင္အထည္ ေဖာ္သူ၊ ကိုယ္တိုင္ျပဳလုပ္သူေတြ မဟုတ္ဘဲ လြတ္လပ္တဲ့ စိတ္နဲ႔ အႀကံေပးသူေတြ ျဖစ္တယ္လို႔ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေရး ေကာ္မတီ ဦးေဆာင္သူ ပါေမာကၡ ေဒါက္တာ ဆူရာကီရတ္ ဆာသီရာထိုင္းက ေျပာပါတယ္။

ျမန္မာျပည္ထဲမွာ ေျပာၾကတာက တစ္မ်ိဳး၊ အေနာက္ႏိုင္ငံေတြက ေျပာၾကာတာက တစ္မ်ိဳး၊ အာဆီယံ ႏိုင္ငံေတြထဲမွာလည္း တစ္ႏိုင္ငံက ေျပာၾကတာနဲ႔ တစ္ႏိုင္ငံက ေျပာၾကတာ မတူတဲ့အတြက္ အဲဒါေတြကို ထည့္တြက္ေနမွာ မဟုတ္ဘူးလို႔ ဘန္ေကာက္ၿမိဳ႕ကို ေရာက္ရွိေနတဲ့ ေဒါက္တာ ဆာသီရာထိုင္းက ေျပာပါတယ္။

ေကာ္မတီကေန ရပ္စဲလိုက္တဲ့ မကၠဆီကို ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးေဟာင္း ရစ္ခ်တ္ဆန္ အေနနဲ႔လည္း ရခိုင္ျပည္နယ္ ၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႔ၿဖိဳးေရး ေဆာင္က်ဥ္းဖို႔ အျပဳသေဘာျမင္မႈေတြ ရွိေနမယ္လို႔ ယံုၾကည္ဆဲျဖစ္ေၾကာင္းနဲ႔ ယံုၾကည္လိုေၾကာင္းလည္း သူက ေျပာပါတယ္။

က်န္ရွိတဲ့ ေကာ္မတီ အဖြဲ႔ဝင္ ၉ ဦးနဲ႔ ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ေဟာင္း မစၥတာ ကိုဖီ အာနန္ရဲ႕ အႀကံျပဳခ်က္အတိုင္း ဘယ္လို လုပ္ေဆာင္ရမယ္ဆိုတာ သူတို႔အေတြ႔အႀကံဳေတြကို အေျခခံၿပီး အႀကံေပးမယ္လို႔ ေဒါက္တာ ဆာသီရာထိုင္းက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လွတ်လပ်တဲ့စိတ်နဲ့ အကြံပေးသူတွေသာ ဖြစ်တယ်လို့ မစ္စတာ ဆာသီရာထိုင်း ပြော

ကျွန်တော်တို့ဟာ အကောင်အထည် ဖော်သူ၊ ကိုယ်တိုင်ပြုလုပ်သူတွေ မဟုတ်ဘဲ လွတ်လပ်တဲ့ စိတ်နဲ့ အကြံပေးသူတွေ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဦးဆောင်သူ ပါမောက္ခ ဒေါက်တာ ဆူရာကီရတ် ဆာသီရာထိုင်းက ပြောပါတယ်။

မြန်မာပြည်ထဲမှာ ပြောကြတာက တစ်မျိုး၊ အနောက်နိုင်ငံတွေက ပြောကြာတာက တစ်မျိုး၊ အာဆီယံ နိုင်ငံတွေထဲမှာလည်း တစ်နိုင်ငံက ပြောကြတာနဲ့ တစ်နိုင်ငံက ပြောကြတာ မတူတဲ့အတွက် အဲဒါတွေကို ထည့်တွက်နေမှာ မဟုတ်ဘူးလို့ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ ဒေါက်တာ ဆာသီရာထိုင်းက ပြောပါတယ်။

ကော်မတီကနေ ရပ်စဲလိုက်တဲ့ မက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ရစ်ချတ်ဆန် အနေနဲ့လည်း ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ဆောင်ကျဉ်းဖို့ အပြုသဘောမြင်မှုတွေ ရှိနေမယ်လို့ ယုံကြည်ဆဲဖြစ်ကြောင်းနဲ့ ယုံကြည်လိုကြောင်းလည်း သူက ပြောပါတယ်။
ကျန်ရှိတဲ့ ကော်မတီ အဖွဲ့ဝင် ၉ ဦးနဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီ အာနန်ရဲ့ အကြံပြုချက်အတိုင်း ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာ သူတို့အတွေ့အကြုံတွေကို အခြေခံပြီး အကြံပေးမယ်လို့ ဒေါက်တာ ဆာသီရာထိုင်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)