သတ္ျဖတ္ျမႇဳပ္ႏွံထားမႈ သတင္းေတြက အၾကမ္းဖက္မႈ ရွိတယ္ဆိုတာကို ျပတယ္လို႔ ယန္ဟီးလီ ေျပာ

0
1825

ရခိုင္ျပည္နယ္မွာ ဘဂၤါလီေတြကို သတ္ျဖတ္ျမွဳပ္ႏွံထားတဲ့ေနရာ ၅ ေနရာရွိတယ္လို႔ သတင္းထြက္ေပၚေနတာနဲ႔ ပတ္သက္လို႔ ဒါဟာ လူမ်ိဳးစုေတြအေပၚ အၾကမ္းဖက္မႈေတြရွိတယ္လို႔ ညႊန္ျပေနတာ ျဖစ္ေၾကာင္း မစၥ ယန္ဟီးလီက ေျပာပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ ယန္ဟီးလီက အစုလိုက္အၿပံဳလိုက္ သတ္ျဖတ္ထားတယ္ဆိုတဲ့ ေနရာနဲ႔ ရြာေနရာေတြကိုေတာ့ သူ အေသးစိတ္ မသိေၾကာင္း၊ အင္းဒင္မွာေတာ့ သတ္ျဖတ္ျမွဳပ္ႏွံထားတာ ရွာေတြ႔ခဲ့ေၾကာင္း ေျပာပါတယ္။

ဒီလိုသတင္းေတြ ထြက္ေပၚမႈဟာ လူမ်ိဳးတုန္း သတ္ျဖတ္မႈ ရွိတယ္ဆိုတဲ့ အမွတ္လကၡဏာျဖစ္ေၾကာင္းနဲ႔ စံုစမ္းစစ္ေဆးဖို႔၊ အခ်က္အလက္ ရွာေဖြေရးအဖြဲ႔ ေစလႊတ္ဖို႔၊ ႏိုင္ငံတကာ မီဒီယာေတြကို ဘူးသီးေတာင္နဲ႔ ေမာင္ေတာဧရိယာကို ဝင္ခြင့္ျပဳဖို႔လည္း မစၥ ယန္ဟီးလီက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သတ်ဖြတ်မြှုပ်နှံထားမှု သတင်းတွေက အကြမ်းဖက်မှု ရှိတယ်ဆိုတာကို ပြတယ်လို့ ယန်ဟီးလီ ပြော
ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေကို သတ်ဖြတ်မြှုပ်နှံထားတဲ့နေရာ ၅ နေရာရှိတယ်လို့ သတင်းထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ ဒါဟာ လူမျိုးစုတွေအပေါ် အကြမ်းဖက်မှုတွေရှိတယ်လို့ ညွှန်ပြနေတာ ဖြစ်ကြောင်း မစ္စ ယန်ဟီးလီက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားတယ်ဆိုတဲ့ နေရာနဲ့ ရွာနေရာတွေကိုတော့ သူ အသေးစိတ် မသိကြောင်း၊ အင်းဒင်မှာတော့ သတ်ဖြတ်မြှုပ်နှံထားတာ ရှာတွေ့ခဲ့ကြောင်း ပြောပါတယ်။

ဒီလိုသတင်းတွေ ထွက်ပေါ်မှုဟာ လူမျိုးတုန်း သတ်ဖြတ်မှု ရှိတယ်ဆိုတဲ့ အမှတ်လက္ခဏာဖြစ်ကြောင်းနဲ့ စုံစမ်းစစ်ဆေးဖို့၊ အချက်အလက် ရှာဖွေရေးအဖွဲ့ စေလွှတ်ဖို့၊ နိုင်ငံတကာ မီဒီယာတွေကို ဘူးသီးတောင်နဲ့ မောင်တောဧရိယာကို ဝင်ခွင့်ပြုဖို့လည်း မစ္စ ယန်ဟီးလီက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)