လံုၿခံဳေရးေကာင္စီ အဖြဲ႕ဝင္ႏုိင္ငံေတြကို ေဖေဖာ္ဝါရီလအတြင္း မလာေရာက္ဖုိ႔ ျမန္မာေျပာ

0
1915

သင့္ေတာ္တဲ့အခ်ိန္မဟုတ္ေသးတာေၾကာင့္ ကုလသမဂၢ လံုျခံဳေရးေကာင္စီအေနနဲ႔ အခုႏွစ္ ေဖေဖာ္ဝါရီလအတြင္းမွာ ျမန္မာႏုိင္ငံဆီ မလာေရာက္ဖုိ႔ ျမန္မာဘက္က ေျပာလုိက္တယ္လို႔ ကုလသမဂၢဆုိင္ရာ ကူဝတ္သံအမတ္ႀကီး Ayyad Al-Otaibi ကေျပာပါတယ္။

လက္ရွိအခ်ိန္မွာ ကုလသမဂၢလံုျခံဳေရးေကာင္စီရဲ႕ ဥကၠ႒အျဖစ္တာဝန္ယူေနတဲ့ Ayyad Al-Otaibi ဟာ သူရဲ႕ဥကၠ႒သက္တမ္းအတြင္း ျမန္မာႏိုင္ငံဆီသြားေရာက္ဖို႔ အဖြဲ႕အဖြဲ႕ေရး ႀကိဳးပမ္းေနပါတယ္။

သူက ေဖေဖာ္ဝါရီလအတြင္းမွာေတာ့ ျမန္မာႏုိင္ငံဆီသြားႏိုင္မွာမဟုတ္ေၾကာင္း၊ အျခားလံုျခံဳေရးေကာင္စီ အဖြဲ႕ဝင္ႏုိင္ငံေတြနဲ႔ အဖြဲ႕ ဖြဲ႕စည္းၿပီး မတ္လ ဒါမွမဟုတ္ ဧၿပီလေလာက္မွ သြားႏုိင္ဖြယ္ရွိ တယ္လို႔ေျပာခဲ့ပါတယ္။

ကူဝိတ္သံအမတ္ႀကီးက သြားေရာက္ဖုိ႔ သင့္ေတာ္တဲ့အခ်ိန္ ဟုတ္မဟုတ္ဆုိတာကို စဥ္းစားရမယ္လို႔ေျပာ ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ရခုိင္ျပည္နယ္မွာ တင္းမာမႈေတြျမင့္တက္ေနတယ္လို႔လည္း ျမန္မာဘက္ ကေျပာထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို ဖေဖော်ဝါရီလအတွင်း မလာရောက်ဖို့ မြန်မာ ပြော

သင့်တော်တဲ့အချိန်မဟုတ်သေးတာကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ အခုနှစ်ဖေဖော်ဝါရီ လအတွင်းမှာ မြန်မာနိုင်ငံဆီမလာရောက်ဖို့ မြန်မာဘက်က ပြောလိုက်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ကူဝတ်သံအမတ်ကြီး Ayyad Al-Otaibi ကပြောပါတယ်။

လက်ရှိအချိန်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ်တာဝန်ယူနေတဲ့ Ayyad Al-Otaibi ဟာ သူရဲ့ဥက္ကဋ္ဌသက်တမ်းအတွင်း မြန်မာနိုင်ငံဆီသွားရောက်ဖို့ အဖွဲ့အဖွဲ့ရေး ကြိုးပမ်းနေပါတယ်။

သူက ဖေဖော်ဝါရီလအတွင်းမှာတော့ မြန်မာနိုင်ငံဆီသွားနိုင်မှာမဟုတ်ကြောင်း၊ အခြားလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေနဲ့ အဖွဲ့ ဖွဲ့စည်းပြီး မတ်လ ဒါမှမဟုတ် ဧပြီလလောက်မှ သွားနိုင်ဖွယ်ရှိ တယ်လို့ပြောခဲ့ပါတယ်။

ကူဝိတ်သံအမတ်ကြီးက သွားရောက်ဖို့ သင့်တော်တဲ့အချိန် ဟုတ်မဟုတ်ဆိုတာကို စဉ်းစားရမယ်လို့ပြော ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်မှာ တင်းမာမှုတွေမြင့်တက်နေတယ်လို့လည်း မြန်မာဘက် ကပြောထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)