ကခ်င္ KIA နဲ႔ တပ္မေတာ္တို႔ တ႐ုတ္ႏိုင္ငံမွာ ေတြ႕ဆံုေဆြးေႏြး

0
1740

တိုက္ပြဲေတြ ျပန္လည္ ျဖစ္ပြားမႈနဲ႔ ပတ္သက္ၿပီး ကခ်င္ KIA နဲ႔ တပ္မေတာ္က ကိုယ္စားလွယ္ေတြ တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္မွာ မေန႔က ေဖေဖာ္ဝါရီ ၁ ရက္မွာ ေတြ႔ဆံုေဆြးေႏြးၾကပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ စီစဥ္ေပးမႈနဲ႔ ႏွစ္ဖက္ ကိုယ္စားလွယ္ေတြ ေတြ႔ဆံုၾကတာ ျဖစ္ၿပီး တပ္မေတာ္ဘက္က ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္နဲ႔ KIA ဘက္က ဥကၠ႒ အင္ဘန္လတို႔ ေဆြ႔ဆံုရတာ ျဖစ္ပါတယ္။

တႏိုင္းနဲ႔ မန္စီတို႔မွာ တိုက္ပြဲေတြ ျဖစ္ပြားခဲ့ၾကတာ ျဖစ္ၿပီး တႏိုင္းၿမိဳ႕နယ္၊ နမ့္ကြမ္းေပါက္ဝ ေရႊ၊ ပယင္းေမွာ္ထဲမွာ ပိတ္မိေနတဲ့ တရားမဝင္ ေရႊတူးသူေတြကို ဇန္နဝါရီလ ၃၁ ရက္ေန႔က ကယ္ထုတ္ခဲ့ရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကချင် KIA နဲ့ တပ်မတော်တို့ တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေး

တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ကချင် KIA နဲ့ တပ်မတော်က ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ မနေ့က ဖေဖော်ဝါရီ ၁ ရက်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

တရုတ်နိုင်ငံရဲ့ စီစဉ်ပေးမှုနဲ့ နှစ်ဖက် ကိုယ်စားလှယ်တွေ တွေ့ဆုံကြတာ ဖြစ်ပြီး တပ်မတော်ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ KIA ဘက်က ဥက္ကဋ္ဌ အင်ဘန်လတို့ ဆွေ့ဆုံရတာ ဖြစ်ပါတယ်။

တနိုင်းနဲ့ မန်စီတို့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတာ ဖြစ်ပြီး တနိုင်းမြို့နယ်၊ နမ့်ကွမ်းပေါက်ဝ ရွှေ၊ ပယင်းမှော်ထဲမှာ ပိတ်မိနေတဲ့ တရားမဝင် ရွှေတူးသူတွေကို ဇန်နဝါရီလ ၃၁ ရက်နေ့က ကယ်ထုတ်ခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)