ရခိုင္ျပည္နယ္မွာ ဘဂၤါလီ ၄ ေထာင္ေက်ာ္ ေသဆံုးတယ္လို႔ ဒုကၡသည္စခန္းေခါင္း ေဆာင္ေျပာ

0
325

ရခိုင္ျပည္နယ္မွာ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလ ေနာက္ပိုင္း ဘဂၤါလီ မြတ္စလင္ ၄၄၀၀ ေသဆံုးတယ္လို႔ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္း ေခါင္းေဆာင္က ေျပာပါတယ္။

ဒုကၡသည္စခန္းေတြထဲမွာ တစ္အိမ္တက္ဆင္း စာရင္းေကာက္ခံခဲ့တာ အဆိုပါ ေခါင္းေဆာင္က ေျပာပါတယ္။ ရခိုင္ျပည္နယ္အတြင္း ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာနဲ႔ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လတို႔မွာ အၾကမ္းဖက္ ပဋိပကၡေတြ ျဖစ္ပြားၿပီး ဘဂၤလားေဒ့ရွ္ဘက္ကို လူေပါင္း ၇၇၅၀၀၀ ထြက္ေျပးတယ္လို႔ ကုလသမဂၢက စာရင္းထုတ္ျပန္ထားပါတယ္။

ဒုကၡသည္ေတြနဲ႔ ေဆြးေႏြးၿပီး တစ္အိမ္တက္ဆင္း သြားကာ လံုၿခံဳေရးတပ္ဖြဲ႔ေတြရဲ႕ က်ဴးလြန္မႈကို စာရင္းေကာက္ခဲ့တာ ျဖစ္တယ္လို႔ ဒုကၡသည္ တစ္ဦးျဖစ္သူ ဂ်ဖာ အလန္က ေျပာပါတယ္။ ဇန္နဝါရီ ၂၈ ရက္ေန႔ကေန ဇန္နဝါရီ ၂၄ ရက္ေန႔အထိ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းကို သြားေရာက္ခဲ့တဲ့ ကုလသမဂၢ ကိုယ္စားလွယ္ကလည္း ေသဆံုး၊ ေပ်ာက္ဆံုးေနသူေတြရဲ႕ အမည္စာရင္းကို လက္ခံရရွိတယ္လို႔ ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ ၄ ထောင်ကျော် သေဆုံးတယ်လို့ ဒုက္ခသည်စခန်းခေါင်း ဆောင်ပြော

ရခိုင်ပြည်နယ်မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ နောက်ပိုင်း ဘင်္ဂါလီ မွတ်စလင် ၄၄၀ဝ သေဆုံးတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း ခေါင်းဆောင်က ပြောပါတယ်။

ဒုက္ခသည်စခန်းတွေထဲမှာ တစ်အိမ်တက်ဆင်း စာရင်းကောက်ခံခဲ့တာ အဆိုပါ ခေါင်းဆောင်က ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း ၂၀၁၆ ခုနှစ် အောက်တိုဘာနဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လတို့မှာ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို လူပေါင်း ၇၇၅၀ဝ၀ ထွက်ပြေးတယ်လို့ ကုလသမဂ္ဂက စာရင်းထုတ်ပြန်ထားပါတယ်။

ဒုက္ခသည်တွေနဲ့ ဆွေးနွေးပြီး တစ်အိမ်တက်ဆင်း သွားကာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုကို စာရင်းကောက်ခဲ့တာ ဖြစ်တယ်လို့ ဒုက္ခသည် တစ်ဦးဖြစ်သူ ဂျဖာ အလန်က ပြောပါတယ်။ ဇန်နဝါရီ ၂၈ ရက်နေ့ကနေ ဇန်နဝါရီ ၂၄ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်ကလည်း သေဆုံး၊ ပျောက်ဆုံးနေသူတွေရဲ့ အမည်စာရင်းကို လက်ခံရရှိတယ်လို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)