သတ္ျဖတ္ၿပီး ျမႇဳပ္ထားတဲ့ ေနရာ ၅ ခု ရွိတယ္ဆိုတဲ့အေပၚ အေမရိကန္ ေစာင့္ၾကည့္ေန

0
361

ရခိုင္ျပည္နယ္၊ ဂူတာျပင္ေက်းရြာမွာ ဘဂၤါလီ မြတ္စလင္ေတြကို သတ္ၿပီး ျမႇဳပ္ထားတဲ့ ေနရာ ၅ ေနရာရွိတယ္လို႔ AP သတင္းဌာနက ေရးသားခဲ့တဲ့ အေပၚ အလြန္အမင္း စိတ္အေႏွာင့္အယွက္ ျဖစ္ရတယ္လို႔ အေမရိကန္က ေျပာပါတယ္။

လူအမ်ားအျပားကို သတ္ျဖတ္ၿပီး ျမွဳပ္ထားတဲ့ေနရာေတြ ရွိေၾကာင္း ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းက လူေတြနဲ႔ ေတြ႔ဆံုေမးျမန္းၿပီး လက္ကိုင္ဖုန္းနဲ႔ ဓာတ္ပံု ႐ိုက္ကူးထားေတြ ရွိတယ္လို႔ AP သတင္းဌာနက ေဖာ္ျပပါတယ္။

အခုလို သတင္းေတြထြက္ေပၚနဲ႔ ပတ္သက္ၿပီး သတိထား ေစာင့္ၾကည့္ေနတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာခြင္ရသူ ဟီသာ ႏူအာက ေျပာပါတယ္။ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈေတြနဲ႔ ပတ္သက္လို႔ တာဝန္ယူမႈရွိေအာင္ အကူအညီေပးသြားမယ္၊ ျမန္မာအစိုးရအေနနဲ႔ လြတ္လပ္တဲ့ စံုစမ္းမႈေတြ လုပ္ႏိုင္ေအာင္ ပူးေပါင္းေဆာင္ရြက္ဖို႔ လိုတယ္လို႔လည္း သူက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သတ်ဖြတ်ပြီး မြှုပ်ထားတဲ့ နေရာ ၅ ခု ရှိတယ်ဆိုတဲ့အပေါ် အမေရိကန် စောင့်ကြည့်နေ

ရခိုင်ပြည်နယ်၊ ဂူတာပြင်ကျေးရွာမှာ ဘင်္ဂါလီ မွတ်စလင်တွေကို သတ်ပြီး မြှုပ်ထားတဲ့ နေရာ ၅ နေရာရှိတယ်လို့ AP သတင်းဌာနက ရေးသားခဲ့တဲ့ အပေါ် အလွန်အမင်း စိတ်အနှောက်အယှက် ဖြစ်ရတယ်လို့ အမေရိကန်က ပြောပါတယ်။

လူအများအပြားကို သတ်ဖြတ်ပြီး မြှုပ်ထားတဲ့နေရာတွေ ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက လူတွေနဲ့ တွေ့ဆုံမေးမြန်းပြီး လက်ကိုင်ဖုန်းနဲ့ ဓာတ်ပုံ ရိုက်ကူးထားတွေ ရှိတယ်လို့ AP သတင်းဌာနက ဖော်ပြပါတယ်။

အခုလို သတင်းတွေထွက်ပေါ်နဲ့ ပတ်သက်ပြီး သတိထား စောင့်ကြည့်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင်ရသူ ဟီသာ နူအာက ပြောပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ တာဝန်ယူမှုရှိအောင် အကူအညီပေးသွားမယ်၊ မြန်မာအစိုးရအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းမှုတွေ လုပ်နိုင်အောင် ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)