ဦးဘိုဘိုမင္းသိုက္ အသတ္ခံရမႈ မသကၤာသူ ၄ ဦးကို ဖမ္းဆီး စစ္ေဆး

0
1762

ရခိုင္ျပည္နယ္၊ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး႐ံုး လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးဘိုဘိုမင္းသိုက္ (၃၇ ႏွစ္) အသတ္ခံရမႈမွာ မသကၤာသူ ဦးေက်ာ္ျမင့္ (ခ) ခိုင္ေက်ာ္ အပါအဝင္ မိသားစုဝင္ ၄ ဦးကို ဖမ္းဆီးစစ္ေဆးေနပါတယ္။

ဦးဘိုဘိုမင္းသိုက္ လိုက္ပါလာတဲ့ကားဟာ ဇန္နဝါရီ ၃၀ မွာ ပုဏၰားကၽြန္းၿမိဳ႕၊ ရန္ကုန္-စစ္ေတြ ကားလမ္း မိုင္တိုင္(၁၆၉/၀-၁) ၾကား လမ္းေဘးထိုးက်ၿပီး ဦးဘိုဘိုမင္းသိုက္ ေသဆံုးေနတာကို ရဲတပ္ဖြဲ႔က ေတြ႔ရွိခဲ့ပါတယ္။

အမႈနဲ႔ ပတ္သက္ၿပီး ကားပိုင္ရွင္ ျဖစ္တဲ့ မသကၤာသူ တိမ္ညိဳေက်းရြာ အုပ္ခ်ဳပ္ေရးမႉးေဟာင္း ဦးေက်ာ္ျမင့္ (၄၇ ႏွစ္) ရဲ႕ သားႀကီး မင္းသန္းေဌး (ခ) မင္းသန္းထိုက္ (၂၀ ႏွစ္)၊ သားငယ္ မင္းခ်စ္သူ (၁၅ ႏွစ္) တို႔ မဂၤလာဒံုၿမိဳ႕နယ္၊ ၾကဴစန္းရြာသစ္ကို လာမယ္လို႔ သတင္းအရ ဇန္နဝါရီလ ၃၁ ရက္ေန႔မွာ မရမ္းကုန္းၿမိဳ႕နယ္၊ (၈) မိုင္ မီးပြိဳင့္မွာ ဖမ္းဆီးခဲ့ပါတယ္။

သံလ်င္ၿမိဳ႕နယ္၊ လက္ယက္စမ္းေက်းရြာ၊ ကြက္သစ္ (၃) နယ္ေျမ၊ ေမတၱာဂုဏ္ေရာင္ သီလရွင္ေက်ာင္းမွာ ဦးေက်ာ္ျမင့္ ေရာက္ရွိေနေၾကာင္း သတင္းအရ သြားေရာက္ဖမ္းဆီးရာမွာ ေက်ာ္ျမင့္၊ ဇနီး ေဒၚၾကည္ၾကည္ဝင္းနဲ႔ ေခြ်းမ မခိုင္ဇာလိႈင္ (၂၀ ႏွစ္) တို႔ကို ယာဥ္တစ္စီး၊ ေငြက်ပ္ သိန္း ၇၅၀ နဲ႔အတူ ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။ ေက်ာ္ျမင့္၊ ေဒၚၾကည္ၾကည္ဝင္း၊ မင္းသန္းထိုက္နဲ႔ မခိုင္ဇာလိႈင္တို႔ကို ဖမ္းဆီးစစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှု မသင်္ကာသူ ၄ ဦးကို ဖမ်းဆီး စစ်ဆေး

ရခိုင်ပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဘိုဘိုမင်းသိုက် (၃၇ နှစ်) အသတ်ခံရမှုမှာ မသင်္ကာသူ ဦးကျော်မြင့် (ခ) ခိုင်ကျော် အပါအဝင် မိသားစုဝင် ၄ ဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်။

ဦးဘိုဘိုမင်းသိုက် လိုက်ပါလာတဲ့ကားဟာ ဇန်နဝါရီ ၃၀ မှာ ပုဏ္ဏားကျွန်းမြို့၊ ရန်ကုန်-စစ်တွေ ကားလမ်း မိုင်တိုင်(၁၆၉/ဝ-၁) ကြား လမ်းဘေးထိုးကျပြီး ဦးဘိုဘိုမင်းသိုက် သေဆုံးနေတာကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။

အမှုနဲ့ ပတ်သက်ပြီး ကားပိုင်ရှင် ဖြစ်တဲ့ မသင်္ကာသူ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့် (၄၇ နှစ်) ရဲ့ သားကြီး မင်းသန်းဌေး (ခ) မင်းသန်းထိုက် (၂၀ နှစ်)၊ သားငယ် မင်းချစ်သူ (၁၅ နှစ်) တို့ မင်္ဂလာဒုံမြို့နယ်၊ ကြူစန်းရွာသစ်ကို လာမယ်လို့ သတင်းအရ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ မရမ်းကုန်းမြို့နယ်၊ (၈) မိုင် မီးပွိုင့်မှာ ဖမ်းဆီးခဲ့ပါတယ်။

သံလျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာ၊ ကွက်သစ် (၃) နယ်မြေ၊ မေတ္တာဂုဏ်ရောင် သီလရှင်ကျောင်းမှာ ဦးကျော်မြင့် ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးရာမှာ ကျော်မြင့်၊ ဇနီး ဒေါ်ကြည်ကြည်ဝင်းနဲ့ ချွေးမ မခိုင်ဇာလှိုင် (၂၀ နှစ်) တို့ကို ယာဉ်တစ်စီး၊ ငွေကျပ် သိန်း ၇၅၀ နဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ကျော်မြင့်၊ ဒေါ်ကြည်ကြည်ဝင်း၊ မင်းသန်းထိုက်နဲ့ မခိုင်ဇာလှိုင်တို့ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)