ဘဂၤါလီေတြကို သတ္ၿပီး ျမႇဳပ္ထားတဲ့ ေနရာ ၅ ခုကိစၥ စံုစမ္းခြင့္ေပးဖို႔ ကုလ တိုက္တြန္း

0
279

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းရွိ ဂူတာျပင္မွာ ဘဂၤါလီေတြကို သတ္ၿပီး ျမွဳပ္ႏွံထားတဲ့ ေနရာ ၅ ခု ရွိတယ္လို႔ AP သတင္းဌာနရဲ႕ ေရးသားခ်က္နဲ႔ ပတ္သက္ၿပီး စံုစမ္းစစ္ေဆးခြင့္ျပဳဖို႔ ကုလသမဂၢက ျမန္မာအစိုးရကို တိုက္တြန္းလိုက္ပါတယ္။

ကုလသမဂၢအဖြဲ႔ေတြကို အဲဒီေဒသဆီ သြားခြင့္ျပဳဖို႔ မေန႔က ေဖေဖာ္ဝါရီ ၁ ရက္ေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္႐ံုး ေျပာခြင့္ရသူ စတက္ဖနီ ဒူဂ်ာရစ္က ေျပာခဲ့တာ ျဖစ္ပါတယ္။ အကူအညီေပးမယ့္ အဖြဲ႔ေတြနဲ႔ သတင္းမီဒီယာေတြကို သြားခြင့္ေပးဖို႔ သူက ေျပာပါတယ္။

AP ရဲ႕ ေရးသားခ်က္နဲ႔ ပတ္သက္ၿပီး ျမန္မာအစိုးရဘက္က တရားဝင္တံု႔ျပန္မႈ မရွိေသးပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီတွေကို သတ်ပြီး မြှုပ်ထားတဲ့ နေရာ ၅ ခုကိစ္စ စုံစမ်းခွင့်ပေးဖို့ ကုလ တိုက်တွန်း

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဂူတာပြင်မှာ ဘင်္ဂါလီတွေကို သတ်ပြီး မြှုပ်နှံထားတဲ့ နေရာ ၅ ခု ရှိတယ်လို့ AP သတင်းဌာနရဲ့ ရေးသားချက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခွင့်ပြုဖို့ ကုလသမဂ္ဂက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂအဖွဲ့တွေကို အဲဒီဒေသဆီ သွားခွင့်ပြုဖို့ မနေ့က ဖေဖော်ဝါရီ ၁ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ စတက်ဖနီ ဒူဂျာရစ်က ပြောခဲ့တာ ဖြစ်ပါတယ်။ အကူအညီပေးမယ့် အဖွဲ့တွေနဲ့ သတင်းမီဒီယာတွေကို သွားခွင့်ပေးဖို့ သူက ပြောပါတယ်။

AP ရဲ့ ရေးသားချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က တရားဝင်တုံ့ပြန်မှု မရှိသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)