လိႈင္သာယာမွာ စစ္ဗိုလ္ အေယာင္ေဆာင္သူကို ဖမ္းဆီး

0
488

ရန္ကုန္တိုင္း၊ လိႈင္သာယာၿမိဳ႕နယ္၊ ေရႊသံလြင္စက္မႈဇုန္၊ သဲကြင္းရွိ မီးေဘးသင့္ ျပည္သူေတြကို ေခတၱ ေနရာခ်ထားတဲ့ ေနရာမွာ တပ္မေတာ္က ဗိုလ္အဆင့္ရွိ ယူနီေဖာင္းဝတ္စံု အေယာင္ေဆာင္ ဝတ္ဆင္ထားသူကို ရဲတပ္ဖြဲ႔က ဖမ္းဆီးလိုက္ပါတယ္။

မေန႔က ေဖေဖာ္ဝါရီ ၁ ရက္ေန႔ ည ၈ နာရီခြဲအခ်ိန္ အဲဒီေနရာမွာ ဗိုလ္တစ္ဦး ေရာက္ရွိေနတယ္လို႔ သတင္းအရ သြားေရာက္စစ္ေဆးရာက အခုလို ဖမ္းဆီးရမိတာျဖစ္ပါတယ္။ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ လက္ေမာင္းတံဆိပ္ပါ ဗိုလ္အဆင့္ ဝတ္စံု ဝတ္ဆင္ထားသူဟာ သဲကြင္း၊ က်ဴးေက်ာ္ရပ္ကြက္ေန ဆန္းမင္း (၃၉ ႏွစ္) ဆိုသူျဖစ္ၿပီး တပ္သားအဆင့္နဲ႔ ၂၀၁၂ ခုႏွစ္မွာ အမွတ္ (၃၄၃) ေျချမန္တပ္ရင္း (ေမာ္လၿမိဳင္) ကေန တပ္ေျပးမႈနဲ႔ ေထာင္ တစ္ႏွစ္က်ခဲ့သူ ျဖစ္ပါတယ္။

မီးေဘးသင့္ျပည္သူေတြ ေခတၱေနရာခ်ထားတဲ့ ေနရာမွာ လူအထင္ႀကီးေအာင္ ဝတ္ဆင္လာတာလို႔ စစ္ေဆးေမးျမန္း သိရွိရတဲ့အတြက္ လိႈင္သာယာ ၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လှိုင်သာယာမှာ စစ်ဗိုလ် အယောင်ဆောင်သူကို ဖမ်းဆီး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ သဲကွင်းရှိ မီးဘေးသင့် ပြည်သူတွေကို ခေတ္တ နေရာချထားတဲ့ နေရာမှာ တပ်မတော်က ဗိုလ်အဆင့်ရှိ ယူနီဖောင်းဝတ်စုံ အယောင်ဆောင် ဝတ်ဆင်ထားသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မနေ့က ဖေဖော်ဝါရီ ၁ ရက်နေ့ ည ၈ နာရီခွဲအချိန် အဲဒီနေရာမှာ ဗိုလ်တစ်ဦး ရောက်ရှိနေတယ်လို့ သတင်းအရ သွားရောက်စစ်ဆေးရာက အခုလို ဖမ်းဆီးရမိတာဖြစ်ပါတယ်။ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်မောင်းတံဆိပ်ပါ ဗိုလ်အဆင့် ဝတ်စုံ ဝတ်ဆင်ထားသူဟာ သဲကွင်း၊ ကျူးကျော်ရပ်ကွက်နေ ဆန်းမင်း (၃၉ နှစ်) ဆိုသူဖြစ်ပြီး တပ်သားအဆင့်နဲ့ ၂၀၁၂ ခုနှစ်မှာ အမှတ် (၃၄၃) ခြေမြန်တပ်ရင်း (မော်လမြိုင်) ကနေ တပ်ပြေးမှုနဲ့ ထောင် တစ်နှစ်ကျခဲ့သူ ဖြစ်ပါတယ်။

မီးဘေးသင့်ပြည်သူတွေ ခေတ္တနေရာချထားတဲ့ နေရာမှာ လူအထင်ကြီးအောင် ဝတ်ဆင်လာတာလို့ စစ်ဆေးမေးမြန်း သိရှိရတဲ့အတွက် လှိုင်သာယာ မြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူ ဆောင်ရွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)