တစ္ကိုယ္ေတာ္ လမ္းေလွ်ာက္သူ ၅ ႀကိမ္ေျမာက္ မိုင္ ၅၀၀ ခရီး ေလွ်ာက္ေန

0
353

တနသၤာရီတိုင္း၊ ၿမိတ္ၿမိဳ႕မွာ ေနထိုင္တဲ့ အသက္ ၅၀ အရြယ္ တစ္ကိုယ္ေတာ္ လမ္းေလွ်ာက္သူ ဦးေအာင္သူဟာ ျပည္ေထာင္စုေန႔ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ၅ ႀကိမ္ေျမာက္အျဖစ္ မိုင္ ၅၀၀ ခရီး လမ္းေလွ်ာက္ေနပါတယ္။

ဦးေအာင္သူဟာ တနသၤာရီတိုင္း တစ္ခြင္ရွိ ၁၀ ၿမိဳ႕နယ္ မိုင္ ၅၀၀ ခရီးကို ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၄ ရက္ေန႔က ေကာ့ေသာင္းၿမိဳ႕နယ္၊ ကမ္းနားလမ္းရွိ ဘုရင့္ေနာင္အငူကေန စတင္ လမ္းေလွ်ာက္တာ ျဖစ္ၿပီး မေန႔က ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ ၿမိတ္ၿမိဳ႕ကို ေရာက္ရွိလာပါတယ္။

ဒီေန႔ ေဖေဖာ္ဝါရီ ၂ ရက္ေန႔မွာ ၿမိတ္ၿမိဳ႕မွ ၿမိတ္-ထားဝယ္ ျပည္ေထာင္စု လမ္းမႀကီးအတိုင္း ပုေလာ-ထားဝယ္ၿမိဳ႕ကို ဆက္ၿပီး ေလွ်ာက္မွာ ျဖစ္ပါတယ္။

ဦးေအာင္သူဟာ ျမန္မာႏိုင္ငံက ဆီးဂိမ္းကို ႀကိဳဆိုတဲ့အေနနဲ႔ ၿမိတ္ကေန ေနျပည္ေတာ္ကို တစ္ႀကိမ္၊ ေကာ့ေသာင္းကေန မႏၱေလးႏဲ႔ ေနျပည္ေတာ္ကို တစ္ႀကိမ္၊ ဗိုလ္ခ်ဳပ္ရာျပည့္ပြဲေတာ္ကို ဂုဏ္ျပဳၿပီး ၿမိတ္ကေန နတ္ေမာက္ၿမိဳ႕ကို တစ္ႀကိမ္၊ သမၼတ ဦးထင္ေက်ာ္ကို ဂုဏ္ျပဳၿပီး ေကာ့ေသာင္းကေန ထားဝယ္ၿမိဳ႕ကို တစ္ႀကိမ္၊ စုစုေပါင္း ေလးႀကိမ္ ေလွ်ာက္ခဲ့ၿပီး ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တစ်ကိုယ်တော် လမ်းလျှောက်သူ ၅ ကြိမ်မြောက် မိုင် ၅၀ဝ ခရီး လျှောက်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် တစ်ကိုယ်တော် လမ်းလျှောက်သူ ဦးအောင်သူဟာ ပြည်ထောင်စုနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ၅ ကြိမ်မြောက်အဖြစ် မိုင် ၅၀ဝ ခရီး လမ်းလျှောက်နေပါတယ်။

ဦးအောင်သူဟာ တနင်္သာရီတိုင်း တစ်ခွင်ရှိ ၁၀ မြို့နယ် မိုင် ၅၀ဝ ခရီးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က ကော့သောင်းမြို့နယ်၊ ကမ်းနားလမ်းရှိ ဘုရင့်နောင်အငူကနေ စတင် လမ်းလျှောက်တာ ဖြစ်ပြီး မနေ့က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြိတ်မြို့ကို ရောက်ရှိလာပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ မြိတ်မြို့မှ မြိတ်-ထားဝယ် ပြည်ထောင်စု လမ်းမကြီးအတိုင်း ပုလော-ထားဝယ်မြို့ကို ဆက်ပြီး လျှောက်မှာ ဖြစ်ပါတယ်။

ဦးအောင်သူဟာ မြန်မာနိုင်ငံက ဆီးဂိမ်းကို ကြိုဆိုတဲ့အနေနဲ့ မြိတ်ကနေ နေပြည်တော်ကို တစ်ကြိမ်၊ ကော့သောင်းကနေ မန္တလေးနဲ့ နေပြည်တော်ကို တစ်ကြိမ်၊ ဗိုလ်ချုပ်ရာပြည့်ပွဲတော်ကို ဂုဏ်ပြုပြီး မြိတ်ကနေ နတ်မောက်မြို့ကို တစ်ကြိမ်၊ သမ္မတ ဦးထင်ကျော်ကို ဂုဏ်ပြုပြီး ကော့သောင်းကနေ ထားဝယ်မြို့ကို တစ်ကြိမ်၊ စုစုပေါင်း လေးကြိမ် လျှောက်ခဲ့ပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)