ဥပေဒေတြ တရားမွ ျပည္သူအတြက္ အက်ိဳးရွိမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

0
1065

ဥပေဒျပဳရာမွာ ဥပေဒေတြက တရားမွ ႏိုင္ငံအတြက္၊ ျပည္သူျပည္သားေတြအတြက္ တန္ဖိုးရွိမွာ ျဖစ္တယ္လို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

တရားဥပေဒကို လူေတြက ျပဳတာ ျဖစ္တဲ့အတြက္ အၿမဲမွန္ကန္တယ္၊ တိက်တယ္၊ ေကာင္းမြန္တယ္လို႔ ေျပာလို႔ မရေၾကာင္း မေန႔က ေဖေဖာ္ဝါရီ ၁ ရက္ေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ ဒုတိယအႀကိမ္ လႊတ္ေတာ္ (၂) ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ အခမ္းအနားမွာ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဥပေဒဟာ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ တည္ၿငိမ္ေရးအတြက္ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ အုပ္ခ်ဳပ္ေရး ယႏၱရားလည္ပတ္ႏိုင္ေရး အတြက္ လိုအပ္တဲ့အရာျဖစ္လို႔ ဥပေဒျပဳၾကရေၾကာင္း၊ လႊတ္ေတာ္က တရားဥပေဒစိုးမိုးေရးကို ဦးတည္မယ့္ အေဆာက္အအံုေတြလို႔ ေမွ်ာ္လင့္ေၾကာင္းလည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဥပဒေတွေ တရားမှ ပြည်သူအတွက် အကျိုးရှိမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

ဥပဒေပြုရာမှာ ဥပဒေတွေက တရားမှ နိုင်ငံအတွက်၊ ပြည်သူပြည်သားတွေအတွက် တန်ဖိုးရှိမှာ ဖြစ်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တရားဥပဒေကို လူတွေက ပြုတာ ဖြစ်တဲ့အတွက် အမြဲမှန်ကန်တယ်၊ တိကျတယ်၊ ကောင်းမွန်တယ်လို့ ပြောလို့ မရကြောင်း မနေ့က ဖေဖော်ဝါရီ ၁ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ ဒုတိယအကြိမ် လွှတ်တော် (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဥပဒေဟာ နိုင်ငံတစ်နိုင်ငံရဲ့ တည်ငြိမ်ရေးအတွက် နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်ရေး အတွက် လိုအပ်တဲ့အရာဖြစ်လို့ ဥပဒေပြုကြရကြောင်း၊ လွှတ်တော်က တရားဥပဒေစိုးမိုးရေးကို ဦးတည်မယ့် အဆောက်အအုံတွေလို့ မျှော်လင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)