႐ိုက္တာ သတင္းေထာက္ ႏွစ္ဦး အာမခံ ပယ္ခ်ခံရ

0
1045

ျမန္မာႏိုင္ငံ အစိုးရ လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒနဲ႔ ဖမ္းဆီးတရားစြဲဆိုခံထားရတဲ့ ႐ိုက္တာ သတင္းေထာက္ႏွစ္ဦး အာမခံေလွ်ာက္ထားမႈကို အင္းစိန္ ေျမာက္ပိုင္းခ႐ိုင္ တရား႐ံုးက ပယ္ခ်လိုက္ပါတယ္။

သတင္းေထာက္ ကိုဝလံုး (ခ) သက္ဦးေမာင္ေမာင္နဲ႔ ကိုေက်ာ္စိုးဦး (ခ) မိုးေအာင္တို႔ကို စြဲဆိုထားတဲ့ ျမန္မာႏိုင္ငံ အစိုးရ လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒဟာ အာမခံေပးလို႔မရတဲ့ ဥပေဒျဖစ္လို႔ တရားသူႀကီးက ပယ္ခ်တာ ျဖစ္ပါတယ္။ ေနာက္ထပ္႐ံုးခ်ိန္းကို ေဖေဖာ္ဝါရီလ ၆ ရက္ေန႔ကို ထပ္မံခ်ိန္းဆိုထားပါတယ္။

ကိုဝလံုး (ခ) သက္ဦးေမာင္ေမာင္နဲ႔ ကိုေက်ာ္စိုးဦး (ခ) မိုးေအာင္တို႔ကို ဒီဇင္ဘာ ၁၂ ရက္ေန႔ ည ၁၁ နာရီခြဲမွာ ရန္ကုန္တိုင္း၊ ေထာက္ၾကန္႔ ရဲစခန္းမွာ ႏိုင္ငံအစိုးရ လွ်ိဳ႕ဝွက္ခ်က္ဥပေဒနဲ႔ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရိုက်တာ သတင်းထောက် နှစ်ဦး အာမခံ ပယ်ချခံရ
မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦး အာမခံလျှောက်ထားမှုကို အင်းစိန် မြောက်ပိုင်းခရိုင် တရားရုံးက ပယ်ချလိုက်ပါတယ်။

သတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင်မောင်နဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို စွဲဆိုထားတဲ့ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေဟာ အာမခံပေးလို့မရတဲ့ ဥပဒေဖြစ်လို့ တရားသူကြီးက ပယ်ချတာ ဖြစ်ပါတယ်။ နောက်ထပ်ရုံးချိန်းကို ဖေဖော်ဝါရီလ ၆ ရက်နေ့ကို ထပ်မံချိန်းဆိုထားပါတယ်။

ကိုဝလုံး (ခ) သက်ဦးမောင်မောင်နဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို ဒီဇင်ဘာ ၁၂ ရက်နေ့ ည ၁၁ နာရီခွဲမှာ ရန်ကုန်တိုင်း၊ ထောက်ကြန့် ရဲစခန်းမှာ နိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)