
0
1188





 


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငြိမ်းချမ်းရေးအသံပျံ့လွင့်ပြီ မြန်မာပြည်ခေါင်းစဉ်နဲ့ငြိမ်းချမ်းရေးညီလာခံ ကျင်းပပြုလုပ်

ငြိမ်းချမ်းရေးအသံပျံ့လွင့်ပြီ မြန်မာပြည်ခေါင်းစဉ်နဲ့ငြိမ်းချမ်းရေးညီလာခံကို Heavenly Culture World Peace Restoration of light (HWPL) ကဦးဆောင်ပြီး ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ IBC ခန်းမမှာ ဒီကနေ့ညနေပိုင်းမှာ ပြုလုပ်နေတာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းလုံးမှာ အကြောင်းပြချက်အမျိုးမျိုးနဲ့ပဋိပက္ခတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ပဋိပက္ခနဲ့ အငြင်းအခုံမရှိတဲ့နိုင်ငံရယ်လို့မရှိပါဘူး။
မြန်မာနိုင်ငံမှာလည်းဖြေရှင်းဖို့ကျန်ရှိနေသေးတဲ့ ပဋိပက္ခတွေများစွာ ရှိသလိုတောင်ကိုရီးယားနိုင်ငံ မှာလည်းပြည်နယ်ကြွဲပားခြင်းပြသာနာ တွေရှိနေသေးတာဖြစ်ပါတယ်။
ဒါဟာငြိမ်းချမ်းရေးအတွက်လက်တွေ့ကျတဲ့နည်းစနစ်တွေလိုအပ်နေသေးတယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့ သန်လျင်သီတဂူဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ် အရှင်သီဟညဏကမိန့်ပါတယ်။

HWPL ဟာ တောင်ကိုရီးယားမှာ ရုံးချုပ် အခြေစိုက်ပြီး အကျိုးအမြတ် မရှာတဲ့ အရပ်ဖက် အဖွဲ့အစည်းဖြစ်ကာ ကမ္ဘာ့ငြိမ်းချမ်းရေး ရရှိအောင်နဲ့ စစ်ပွဲတွေရပ်ရေး ရည်မှန်းချက်နဲ့ လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)