တရုတ်-မြန်မာ နယ်စပ်မှာ မူးယစ်သယ်ဆောင်သူတွေရဲ့ လက်ပစ်ဗုံးကြောင့် ရဲအရာရှိတွေ ဒဏ်ရာရ

0
297

တရုတ်-မြန်မာ နယ်စပ်ဒေသမှာ ပြီးခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကာလအတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေး အကြီးစားစစ်ဆေးရေးတစ်ခုအတွင်း မူးယစ်ဂိုဏ်းတစ်ခုက လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့တဲ့အတွက် ရဲအရာရှိတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကြားက နယ်စပ်ဒေသမှာ ဇန်နဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးတွေ သယ်လာတဲ့ ယာဉ်တစ်စီးကို တားဆီးစဉ်မှာ အဲဒီ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့တာပါ။

ယာဉ်ပေါ်မှာပါသူတွေက ဖမ်ဆီးမခံဘဲ ခုခံပြီး ယာဉ်ကိုမောင်းပြေးခဲ့တာကြောင့် တိုက်ခိုက်မှု ဖြစ်ပွားတာဖြစ်ပြီး လက်ပစ်ဗုံးနဲ့တိုက်ခိုက်မှုကြောင့် ရဲအရာရှိတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့က ဆိုပါတယ်။

အဲဒီ မူးယစ်ဆေးဝါး တင်ဆောင်လာသူတွေဘက်ကလည်း တစ်ဦးပွဲချင်းပြီး သေဆုံးပြီး တစ်ဦးကတော့ ဒဏ်ရာအပြင်းအထန်နဲ့ ဆေးရုံအရောက်မှာ သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဘက်ကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဲနှစ်ဦးကို ဆေးရုံမှာ ကုသပေးနေပြီး လက်ရှိမှာ ကျန်းမာရေးအခြေအနေ တည်ငြိမ်နေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မူးယစ်ဆေးဝါးအထွက်ဆုံး နိုင်ငံတွေထဲကတစ်ခုဖြစ်ပြီး ၂၀၁၆ အတွင်း ဖမ်းဆီးရမိခဲ့တဲ့ စိတ်ကြွဆေးပြားပေါင်း ၉၈ သန်း ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)