ရုပ်သံလိုင်း (၅) လိုင်း အတွက် ထုတ်လွှင့် ပဏာမအဆင့် ရွေးချယ်ခံရသူ (၁၀) ဦး အမည်စာရင်းကြေညာ

0
563

အခမဲ့ ဒစ်ဂျစ်တယ် ရုပ်သံလိုင်း (၅) လိုင်း အတွက် ထုတ်လွှင့် ပဏာမအဆင့် ရွေးချယ်ခံရသူ (၁၀) ဦး စာရင်းကို ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ရက်စွဲနဲ့ MRTV ရဲ့ Multi-Channel Play out System မှာ ရုပ်သံလွှင့်လုပ်ငန်း (Digital Free-to-Air) လုပ်ကိုင်လိုသူ Content Providers ပဏာမ (၁၀) ဦး စာရင်းကို တရားဝင် ကြေညာလိုက်တာပါ။

အဲ့ဒီထဲမှာတော့ Eleven Media Group Co., Ltd. ၊ Mizzima Media Co., Ltd. ၊ DVB Multi Media Group Co., Ltd. ၊ Bo Bo Entertainment Myanmar Group Co.,Ltd၊ TikhinaCo.,Ltd၊ VOIP Myanmar Group Co., Ltd. (VMG)၊ Global Technology Co., Ltd.၊ Fortune International Ltd.၊ Kaung Myanmar Aung Co., Ltd.၊ Young Investment Group Co., Ltd. စတဲ့ ကုမ္ပဏီ/ အဖွဲ့အစည်းတွေ ပါဝင်နေတာပါ။

ဒီအမည်စာရင်းတွေဟာ အမှတ်စာရင်း/ အဆင့်အလိုက် ထုတ်ပြန် သတ်မှတ် ထားတာမျိုး မဟုတ်ပဲ MCP မှာ တင်သွင်းထားတဲ့ နံပါတ်စဉ် အတိုင်း ဖော်ပြခြင်းဖြစ်ကာ နောက်ဆုံး (၅) ဦး ကို အထက်ဖော်ပြပါ (၁၀) ဦး ဇယားမှ ထပ်ဆင့်တွေ့ဆုံပြီး အပြီးသတ် ရွေးချယ်သွားမယ်လို့ ရွေးချယ်မှုတွေကို ဆောင်ရွက်ခဲ့တဲ့ Tun Group Asia Limited က ပြောဆိုထားတာပါ။

MRTV ၏ Digital Free–to-Air Channel (၅) ခုအတွက် Content Provider အဖြစ် လုပ်ကိုင်လိုသူတွေကို Request For Proposal (RFP) အဆင့်လျှောက်ထားရန် Expression Of Interest (EOI) အဆင့် အောင်မြင် သူ (၄၂) ဦးကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်

EOI အဆင့်အောင်မြင်သူကုမ္ပဏီ/ အဖွဲ့အစည်း (၄၂) ဦးထဲက (၂၉) ဦး က RFP တင်သွင်း လျှောက်ထားလာခဲ့ရာ ရွေးချယ်မှုဆိုင်ရာအဆင့်တွေကို Tun Group Asia Limited က အဆင့်ဆင့် စီစစ်ရွေးချယ်ခဲ့ပြီး အခု ကုမ္ပဏီ/ အဖွဲ့အစည်း (၁၀) ခုကို ပဏာမ စိစစ် ရွေးချယ်ထား သူတွေ အဖြစ် ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)